F-35၊ F-47 များနဲ့တွဲဖက်ပျံသန်းမယ့် ခပ်ကြမ်းကြမ်းဒရုန်းများ

News Image

  • F-35၊ F-47 များနဲ့တွဲဖက်ပျံသန်းမယ့် ခပ်ကြမ်းကြမ်းဒရုန်းများ

အမေရိကန်လေတပ်က လူသားနဲ့စက် ပစ္စည်းပူးပေါင်းမှုရည်မှန်းချက်အကောင်အထည်ပေါ်စေရေးအတွက် လုပ်ဆောင်လျက်ရှိရာမှာ  စုပေါင်းတိုက်ခိုက်ရေးလေယာဉ် အစီအစဉ်သည်လည်း အစီအစဉ် တစ်ခုအနေနဲ့ ပါဝင်ပါတယ်။

အခုအဲဒီအစီအစဉ်ကနေ ထွက်ပေါ်လာတဲ့ ခပ်ကြမ်းကြမ်းဒရုန်းများကို လက်တွေ့စမ်းသပ်မှုလုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အဲဒီဒရုန်းတွေကတော့ YFQ-42A နဲ့ YFQ-44A တို့ပါပဲ။

ဒီစမ်းသပ်မှုတွေထဲမှာ တွန်းကန်အားစနစ်များ၊ လေကြောင်းထိန်းစနစ်များ၊ အလိုအလျောက်   လှုပ်ရှားနိုင်မှုများ၊ စစ်ဆင်ရေး အောင်မြင်ရေးအတွက် အရေးပါတဲ့ ကွပ်ကဲမှုနဲ့ထိန်းချုပ်မှု စနစ်များပါဝင်တဲ့အပြင် လက်တွေ့ပျံသန်းမှုကိုတော့ ဒီနှစ် အကုန်ပိုင်းမှာလုပ်သွားမယ်လို့ လေတပ်က ထုတ်ပြန်ထားပါတယ်။     

Ref: IE

K.H

Source: https://myawady.net.mm/