လက်ပစ်ဗုံးများကိုပစ်ချနိုင်မယ့် ဓာတ်ဘူးပုံ ၂ ပေါင်ဒရုန်း

News Image

  • လက်ပစ်ဗုံးများကိုပစ်ချနိုင်မယ့် ဓာတ်ဘူးပုံ ၂ ပေါင်ဒရုန်း

တရုတ်နိုင်ငံက ဒရုန်းအမျိုးအစားတစ် ခုကိုထုတ်ဖော်ပြသလိုက်ပါတယ်။ အဲဒီ ဒရုန်းအမျိုးအစားက သမားရိုးကျပုံစံကနေကွဲထွက်နေပြီး  အရင်လိုမျိုးဗုံးသီးတွေ ကိုသယ်ဆောင်တာမျိုး မဟုတ်ပါဘူး။

အခုထုတ်ဖော်ပြသလိုက်တဲ့ ဒရုန်းပုံစံက ဓာတ်ဘူးပုံစံဖြစ်ပြီး အထဲမှာ လက်ပစ်ဗုံးများကို  ထည့်ထားတာဖြစ်ပါတယ်။

ပစ်မှတ်နေရာကိုရောက်တဲ့အခါ လက်ပစ်ဗုံးတွေကို ပစ်မှတ်ဆီပစ်ချလိုက်မှာပါ။

ဒီဒရုန်းက သမားရိုးကျဒရုန်းတွေကနေ ကွဲထွက်နေတဲ့အပြင် သူ့ရဲ့အလေးချိန်ကလည်း သမားရိုးကျ ဒရုန်းတွေလိုမျိုး လေးလံခြင်း မရှိပါဘူး။ အလေးချိန်အားဖြင့် ၂ ပေါင်ခန့်သာရှိတာပါ။

သူက လက်ပစ်ဗုံးသုံးလုံးကို ပစ်မှတ်ဆီ ပစ်ချနိုင်တဲ့အပြင် မြေပြင်သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ပြန်ပို့ပေးနိုင်စွမ်း ရှိပါတယ်။ နောက်ထပ် အားသာချက်တစ်ခုက စစ်သည်တစ်ဦးအနေနဲ့ ဒီလိုဒရုန်းများစွာကို ထိန်းချုပ်နိုင်ခြင်း ဖြစ်ပါတယ်။                  

Ref: IE

K.H

Source: https://myawady.net.mm/