အမေရိကန်အတွက် ခြိမ်းခြောက်မှုဖြစ်လာစေမယ့် မိုင် ၆၀၀၀ သွားဒုံးကျည်ပါ ရေငုပ်သင်္ဘော
တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များအနက်တစ်ခုရဲ့အသေးစိတ်အကြောင်းအရာများကို ပထမဆုံးအနေနဲ့ ထုတ်ပြန်လာပါတယ်။ အဲဒီနျူကလီးယားလက်နက်ကတော့ Type 094 နျူကလီးယားစွမ်းအင်သုံး အမြင့်ပျံ ဒုံးကျည်တင် ရေငုပ်သင်္ဘောအကြောင်းပဲ ဖြစ်ပါတယ်။ လက်ရှိတရုတ်နိုင်ငံက ဒီလို ရေငုပ်သင်္ဘောအစင်းရေခြောက်စင်းကို ရေတပ်မှာအသုံးပြုနေပါတယ်။ Type 096 ဆိုတဲ့ မျိုးဆက်သစ်ရေငုပ်သင်္ဘောကိုလည်း တည်ဆောက်နေပါတယ်။
ဒီရေငုပ်သင်္ဘောက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေဖြစ်တဲ့အတွက် ပြင်ပအောက်ဆီဂျင်ကိုမှီခိုမှုမရှိဘဲ ပင်လယ် ရေနက်ပိုင်းထဲမှာ လပေါင်းများစွာကြာ နေနိုင်ပါတယ်။ သူ့မှာ JL-2 လို့ခေါ်တဲ့ အမြင့်ပျံဒုံးကျည် ၁၂ စင်းပါဝင်ပါတယ်။ အားလုံးက နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်တွေချည်းပါပဲ။ သူ့ရဲ့ရောက်ရှိနိုင်မှု အကွာအဝေးက မိုင်ပေါင်း ၄၃၅၀ ပါ။ ဒီ ပမာဏက အမေရိကန်ပြည်မကြီးကိုပင် တိုက်ခိုက်နိုင်ပါတယ်။
အခုလက်ရှိအသုံးပြုနေတဲ့ နျူကလီး ယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေထဲမှာType 094A ဆိုတဲ့ရေငုပ်သင်္ဘောလည်း အပါအဝင်ဖြစ်ပါတယ်။ သူ့မှာတော့ JL-3 ဆိုတဲ့ အဆင့်မြင့်ဒုံးကျည်ကိုတင်ဆောင် ထားတာပါ။ အဲဒီဒုံးကျည်က မိုင်ပေါင်း ၆၀၀၀ အထိရောက်နိုင်ပါတယ်။ ဒါကြောင့် ဒီရေငုပ်သင်္ဘောတွေဟာ အမေရိကန်အတွက်တော့ အန္တရာယ်များတဲ့စစ်လက်နက်ပစ္စည်းတွေဖြစ်ပါတယ်။
Ref: IEK.H
Source: https://myawady.net.mm/