ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ဒုတိယကမ္ဘာစစ်ပွဲ (မဟာမျိုးချစ်စစ်ပွဲ) သမိုင်း၏မှန်ကန်သောအမြင်ကို မြှင့်တင်သွားကြမည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြ
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဒုတိယကမ္ဘာစစ်အတွင်း အောင်ပွဲရလဒ်များနှင့် စစ်ပြီးခေတ် နိုင်ငံတကာစနစ်ကို ကာကွယ်သွားမည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ရုရှားနှင့်တရုတ်နိုင်ငံတို့သည် ဒုတိယကမ္ဘာစစ်သမိုင်း၏ မှန်ကန်သော အမြင်ကို ကာကွယ်ရန် ခိုင်မာသောဆုံးဖြတ်ချက်များ ချမှတ်ထားကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရုရှား နိုင်ငံသို့ လာရောက်မည့် ခရီးစဉ်နှင့်ပတ်သက်၍ မှတ်ချက်ပြု ပြောကြားခဲ့ ပါသည်။
“တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် သမိုင်းကိုအတူတကွ ထိန်းသိမ်းရန်၊ ကျဆုံးသူရဲကောင်းများကို အောက်မေ့ သတိရရန်၊ ဒုတိယကမ္ဘာစစ်သမိုင်းအပေါ် မှန်ကန်သောအမြင်ကို မြှင့်တင်ရန်၊ ဒုတိယကမ္ဘာစစ်အောင်ပွဲရလဒ်များနှင့် စစ်ပြီးခေတ် နိုင်ငံတကာစနစ်ကို ကာကွယ်ရန်နှင့် နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်ရန် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား - Tass
Photo: Global Times