ရုရှားက ပင်လယ်နက်၌ အနောက်အုပ်စု၏ဒုံးကျည်များကိုပစ်ချနိုင်

News Image

  • ရုရှားက ပင်လယ်နက်၌ အနောက်အုပ်စု၏ဒုံးကျည်များကိုပစ်ချနိုင်

မော်စကို၊ စစ်ရေး

ရုရှားနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပင်လယ်နက်ဒေသအတွင်း အနောက်အုပ်စုက ယူကရိန်းသို့ထောက်ပံ့ပေးထားသော ဒုံးကျည်ရှစ်စင်းကိုပစ်ချလိုက်နိုင်ကြောင်း၊ အလားတူ ဒေသအများအပြား၌ ဒရုန်းအစင်းရေ ၁၇၀ ကိုလည်း ပစ်ချလိုက်နိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေလ ၃ ရက်တွင်ထုတ်ပြန် ထားသည်။

ရုရှား၏လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ဗြိတိန်နိုင်ငံကထုတ်လုပ်သည့် Storm Shadow ဒုံးကျည်ရှစ်စင်း၊ ယူကရိန်း ၏ Neptune-MD ပဲ့ထိန်းဒုံးကျည်သုံးစင်း၊ ပင်လယ်နက်ရေယာဉ်စုက မောင်းသူမဲ့ရေယာဉ် ၁၄ စင်းတို့ကိုပစ်ချဖျက်ဆီးလိုက်နိုင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာန၏လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

ဒရုန်းဖြင့်တိုက်ခိုက်မှုအများအပြားကို ခရိုင်းမီးယားဒေသ၌လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်မှုဖြစ်ပွားစဉ်အတွင်း ခရိုင်းမီးယားတံတားကို လေးနာရီကြာ ပိတ်ထားရကြောင်း၊ ယူကရိန်းတပ်ဖွဲ့များ က ရုရှားနယ်မြေအတွင်းသို့အသေခံဒရုန်းများဖြင့်တိုက်ခိုက်မှုများလုပ်ဆောင်လေ့ရှိကြောင်းသိရသည်။                  

Ref: RT

Source: https://myawady.net.mm/