ကုန်း-ရေနှစ်သွယ်သွား တင့်ဖျက်ပဲ့ထိန်းဒုံးကျည်တင်ယာဉ်သစ်တစ်စင်းကို တရုတ်ထုတ်ဖော်ပြသ

News Image

  • ကုန်း-ရေနှစ်သွယ်သွား တင့်ဖျက်ပဲ့ထိန်းဒုံးကျည်တင်ယာဉ်သစ်တစ်စင်းကို တရုတ်ထုတ်ဖော်ပြသ

တရုတ်နိုင်ငံသည် ၎င်းတို့၏ ကုန်း-ရေနှစ်သွယ်သွား တင့်ဖျက်ပဲ့ထိန်းဒုံးကျည်တင်ယာဉ်အသစ်တစ်စင်းကို ထုတ်ဖော်ပြသလိုက်သည်။

အဆိုပါ ဒုံးကျည်တင်ယာဉ်သစ်ကို ခြေလျင်တိုက်ယာဉ်၏ကိုယ်ထည်အပေါ် အခြေခံထုတ်လုပ်ထားခြင်းဖြစ်ပြီး အဆိုပါကိုယ်ထည်ပေါ်တွင်   ဒုံးပစ်စင်များကို တည်ဆောက်ထားခြင်းဖြစ်သည်။

အဆိုပါ Type 05 အတန်းအစား ဒုံးကျည်တင်ယာဉ်တွင် HJ-10 သို့မဟုတ် HJ-13 အမျိုးအစား တင့်ဖျက်ပဲ့ထိန်းဒုံးကျည်များကို တပ်ဆင်ထားဖွယ်ရှိသည်။ တရုတ်နိုင်ငံသည် အဆိုပါယာဉ်ကို ယခုနှစ်ဧပြီလနှောင်းပိုင်းကတရုတ်မီဒီယာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

၎င်းဒုံးကျည်တင်ယာဉ်သည် ရေထဲတွင် တစ်နာရီလျှင် ၃၀ ကီလိုမီတာအရှိန်နှုန်းဖြင့် မောင်းနှင်နိုင်ပြီး မောင်းနှင်အား ထုတ်လုပ်ပေးရန်အတွက် water jet နှစ်ခုနှင့် ဒီဇယ်အင်ဂျင် တစ်လုံးတို့ကိုတပ်ဆင်ထားသည်။

Type 05 အတန်းအစား ဒုံးကျည်တင်ယာဉ်ပေါ်တွင်တပ်ဆင်ထားသည့် တင့်ဖျက်ပဲ့ထိန်းဒုံးကျည်နှင့် အမြောက်စနစ်များကိုကမ်းထိုးရာဒေသများတွင် ဖြန့်ကြက်ထားသည့် ရန်သူ၏ အထိအခိုက်မခံသည့်ပစ်မှတ်များ၊ အထူးသဖြင့် သံချပ်ကာတိုက်ယာဉ်နှင့် ကမ်းရိုးတန်းကာကွယ်ရေးအမြောက်စနစ်များအား တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ဖွယ်ရှိသည်။                         

Ref: YH, AMR  

Source: https://myawady.net.mm/