ကီလိုမီတာ ၁၂၀၀ အထိ ရောက်ရှိနိုင်သော ဒုံးကျည်သစ် အီရန် အောင်မြင်
အီရန်နိုင်ငံသည် ကီလိုမီတာ ၁၂၀၀ အထိ ရောက်ရှိနိုင်သော ဒုံးကျည် အသစ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး Aziz Nasirzadeh က IRIB ရုပ်မြင်သံကြားလိုင်းမှ ပြောကြား ခဲ့သည်။
၎င်း၏ပြောကြားချက်အရ ယခုဒုံးကျည် သည် ကီလိုမီတာ ၁၂၀၀ ကျော် အကွာအဝေးမှ ပစ်လွှတ်နိုင်ပြီး ပစ်မှတ်များကို တိကျစွာ ထောက်လှမ်းနိုင်ကာ အနှောင့်အယှက်များကိုလည်း တန်ပြန်ကျော်လွှားနိုင်စွမ်း ရှိကြောင်း သိရပါသည်။
Nasirzadeh က အီရန်နိုင်ငံတွင် ဒုံးကျည် အရေအတွက် များစွာ သိုလှောင်ထားပါကြောင်း၊ မည်သူမဆို ကျူးကျော်လာပါက ချက်ချင်း တုံ့ပြန်နိုင်ရေးအသုံးပြုရန် အဆင်သင့်ဖြစ်ကြောင်း အတိအလင်း ပြောကြားထားပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category