ဆွစ်တက္ကသိုလ်တစ်ခုမှ သုတေသီများ Reddit အသုံးပြုသူများအား လျှို့ဝှက် AI စမ်းသပ်မှုဖြင့် ဝေဖန်မှုများရင်ဆိုင်နေရ
ဇူးရစ်ချ် တက္ကသိုလ် (University of Zurich) မှ သုတေသီများသည် လူမှုကွန်ရက် Reddit ပေါ်ရှိ အသုံးပြုသူများ၏ အမြင်များကို AI ဖြင့် လွှမ်းမိုးနိုင်ခြင်းရှိ/မရှိ ကို စမ်းသပ်ရန် လျှို့ဝှက်စမ်းသပ်မှု တစ်ခုပြုလုပ်ခဲ့ပြီး ယခုအခါ ပြင်းထန်သောဝေဖန်မှုနှင့် တရားဥပဒေဆိုင်ရာအရေးယူမှုများနှင့် ရင်ဆိုင်နေရသည်။ Reddit ကုမ္ပဏီကလည်း တရားစွဲဆိုရန် စဉ်းစားနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုကဲ့သို့သော စမ်းသပ်မှုများသည် လူမှုကွန်ရက်အသုံးပြုသူများ၏ ယုံကြည်မှုကိုထိခိုက်စေနိုင်ပြီး AI ကို လူထုထိန်းချုပ်ရေးအတွက် အလွဲသုံးစားလုပ်နိုင်သည့် နည်းလမ်းသစ် တစ်ခုအဖြစ် ဖော်ပြနေသည်။
ပါဝင်သူများ၏ သဘောတူညီချက်မရှိဘဲ စမ်းသပ်ခြင်းသည် သိပ္ပံနည်းကျလေ့လာမှုဆိုင်ရာ စံနှုန်းများကို ချိုးဖောက်ခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်သည် AI နည်းပညာ၏ စွမ်းအားနှင့် အန္တရာယ်ကို ထပ်မံသတိပေးလိုက်ခြင်းဖြစ်ပြီး နည်းပညာတိုးတက်မှုနှင့်အတူ လူ့အခွင့်အရေး၊ ကိုယ်ရေးကိုယ်တာ လုံခြုံမှုနှင့် ကျင့်ဝတ်ဆိုင်ရာ ထိန်းညှိမှုများ လိုအပ်နေဆဲဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂