မည်သည့်အကြမ်းဖက်မှုမဆို သံသယမရှိ တိုက်ဖျက်သွားရန် အရေးကြီးကြောင်း ပူတင်- မိုဒီ ဖုန်းဆက် ပြောကြား

News Image

  • မည်သည့်အကြမ်းဖက်မှုမဆို သံသယမရှိ တိုက်ဖျက်သွားရန် အရေးကြီးကြောင်း ပူတင်- မိုဒီ ဖုန်းဆက် ပြောကြား

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီတို့ ဖုန်းဆက်ပြောကြားစဉ် မည်သည့်အကြမ်းဖက်ဝါဒ ပုံစံမျိုးကိုမဆို သံသယမရှိ တိုက်ဖျက်ရန် အရေးကြီးသည်ဟု ခေါင်းဆောင်နှစ်ဦးက အလေးထားပြောကြားခဲ့သည်ဟု ကရင်မလင်မှ ထုတ်ပြန်ထားပါသည်။

ဧပြီလ ၂၂ ရက်က ကက်ရှ်မီးယားဒေသတောင်ပိုင်း ပါဟယ်ဂမ်တွင် အိန္ဒိယ နိုင်ငံသားများ သတ်ဖြတ်ခံရမှုအတွက် အထူးဝမ်းနည်းကြောင်း ရုရှား သမ္မတက ထပ်မံထုတ်ဖော်ပြောကြားထားပါသည်။

ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်မှုအပြီး အိန္ဒိယသည် ပါကစ္စတန်ရှိ ၎င်း၏သံရုံးဝန်ထမ်းအရေအတွက်ကို တစ်ဝက်ခန့်လျှော့ချခဲ့ပြီး ပါကစ္စတန်နှင့် ရေအရင်းအမြစ်ခွဲဝေမှုသဘောတူညီချက်ကို ရုပ်သိမ်းခဲ့သည်။ ထို့အပြင် ပါကစ္စတန်သံရုံးမှ စစ်တပ်အကြံပေးများကို "personae non gratae" (မလိုလားအပ်သူများ) အဖြစ် ကြေညာကာ ပါကစ္စတန် နိုင်ငံသားများအား ဗီဇာထုတ်ပေးမှုကိုလည်း ယာယီရပ်ဆိုင်းခဲ့ပါသည်။

ကိုးကား- ကရင်မလင်

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃