ယီမင်ရှိ ဟူသီသူပုန်များအား ဗုံးကြဲမှုကို ရပ်ဆိုင်းပြီဟု ထရမ့်ကြေညာ

News Image

  • ယီမင်ရှိ ဟူသီသူပုန်များအား ဗုံးကြဲမှုကို ရပ်ဆိုင်းပြီဟု ထရမ့်ကြေညာ

“ယီမင်ရှိ ဟူသီများအနေဖြင့် မိမိတို့ကို နောက်ထပ် မတိုက်ခိုက်လိုတော့ကြောင်း ကြေညာခဲ့ပါပြီ၊ ၎င်းတို့အနေဖြင့် တိုက်ခိုက်ချင်စိတ်မရှိတော့ပါ၊ မိမိတို့လည်း ထိုအချက်ကိုလေးစားပြီး အမေရိကန်က ဗုံးကြဲမှုများကို ချက်ချင်းရပ်ဆိုင်းလိုက်ပါပြီ၊ ၎င်းတို့က အညံ့ခံလိုက်ပါပြီ” ဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် တွေ့ဆုံစဉ် က ယင်းသို့ ပြောကြားလိုက်ပါသည်။

သူပုန်များက ပင်လယ်နီနှင့် Bab el-Mandeb ရေလက်ကြားရှိ သင်္ဘောများကို နောက်ထပ်မတိုက်ခိုက်ရန် ကတိပြုထားသည်ဟု ထရမ့်က ဖြည့်စွက် ပြောကြားခဲ့ပါသည်။

ကိုးကား- TASS

Photo: Al Jazeera

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃