ပါကစ္စတန်လေကြောင်းတပ်ဖွဲ့က အိန္ဒိယတိုက်လေယာဉ် ၂ စီးကို ပစ်ချ

News Image

  • ပါကစ္စတန်လေကြောင်းတပ်ဖွဲ့က အိန္ဒိယတိုက်လေယာဉ် ၂ စီးကို ပစ်ချ

ပါကစ္စတန်လေကြောင်းတပ်ဖွဲ့က အိန္ဒိယ၏ ပြင်သစ်ထုတ် ရာဖေးတိုက် လေယာဉ် ၂ စီးကို ပစ်ချလိုက်ကြောင်း SAMAA ရုပ်မြင်သံကြားက ကြေညာလိုက်ပါသည်။ 

ယခုအခါ ပါကစ္စတန်လေကြောင်းပိုင်နက်အတွင်း ခရီးသည်တင်လေယာဉ်များ ကရာချီသို့ လမ်းလွှဲဆင်းသက်ကြရန် ပါကစ္စတန်လေကြောင်း    အာဏာပိုင်များ အရေးပေါ် ထုတ်ပြန်ထားပါသည်။

အစောပိုင်းက အိန္ဒိယစစ်တပ်က ပါကစ္စတန်ဘက်မှ ထိန်းချုပ်ရေးမျဉ်း (LoC) တစ်လျှောက် အမြောက်ပစ်ခတ်မှုများ စတင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃