အိန္ဒိယ၏ Sindoor Operation မှာ အရပ်သား၊ စီးပွားရေး ၊ စစ်ရေး အဆောက်အအုံများကို ပစ်မှတ်ထားမည် မဟုတ်

News Image

  • အိန္ဒိယ၏ Sindoor Operation မှာ အရပ်သား၊ စီးပွားရေး ၊ စစ်ရေး အဆောက်အအုံများကို ပစ်မှတ်ထားမည် မဟုတ်

Sindoor Operation မှာ ပါကစ္စတန်၏ အရပ်သား၊ စီးပွားရေး သို့မဟုတ် စစ်ရေးအဆောက်အအုံများကို ပစ်မှတ်ထားမည် မဟုတ်ကြောင်း အဆိုပါ စစ်ဆင်ရေးသည် အကြမ်းဖက်စခန်းများကိုသာ ပစ်မှတ်ထား တိုက်ခိုက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ရှိ အိန္ဒိယသံရုံးက မေလ ၇ ရက်တွင် ထုတ်ပြန်ထားပါသည်။

အစောပိုင်းက အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနသည် Sindoor စစ်ဆင်ရေးကို ကြေညာခဲ့ပြီး ပါကစ္စတန်နှင့် ကက်ရှ်မီးယား ထိန်းချုပ်ဧရိယာအတွင်း ပစ်မှတ် ၉ ခုကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာထားပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃