ပထမသုံးလမှာတင် ရောင်းအားမြင့်တက်လာတဲ့ Audi EV

News Image

  • ပထမသုံးလမှာတင် ရောင်းအားမြင့်တက်လာတဲ့ Audi EV

Audi ကုမ္ပဏီရဲ့ ဒီနှစ်ပထမသုံးလပတ် အတွက်ရောင်းအားက အနည်းငယ်ကျ ဆင်းသွားပေမယ့် ကားအမျိုးအစားအရ ပြောရမယ်ဆိုရင်တော့ Audi EV ရဲ့ရောင်း အားက ပြီးခဲ့တဲ့နှစ်ကထက် ၃၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ပထမသုံးလပတ်အတွင်း Audi က တင်ပို့ရတဲ့ မော်တော်ကား အစီးရေစုစု ပေါင်း ၄၆၃၇၁ စီးရှိပါတယ်။ ဒါဟာ ယမန် နှစ်ကထက် ၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်း သွားတာပါ။

ဒါပေမဲ့ လျှပ်စစ်ကားတင်ပို့မှု အပိုင်းမှာ ဆိုရင်တော့ ၅၀ ဒသမ ၄ ရာခိုင်နှုန်း တိုးမြင့်လာပြီး အစီးရေ ၂၅၁၂၉ စီးအထိမြင့် တက်လာတာကိုတွေ့ရပါတယ်။ ဒါ့အပြင် အမှာစာတွေအရဆိုရင် လျှပ်စစ်ကားတင် ပို့မှုက ၈၆ ရာခိုင်နှုန်းရှိမှာပါ။ လက်ရှိမှာတော့ Audi ကအမြတ်ငွေ ယူရို ၁၅ ဘီလီယံကျော် ရရှိထားပါတယ်။ ဒါကယမန်နှစ်ကထက် ပိုများတဲ့ ပမာဏပါ။

Source: https://myawady.net.mm/