ပုံမှန်ထက်ဈေးသက်သာတဲ့ Tesla Model Y ထွက်ပေါ်လာ
Tesla ကုမ္ပဏီက အမေရိကန်ပြည်မှာ သူတို့ရဲ့ Model Y အမျိုးအစားကိုမှ ဈေးသက်သာတဲ့အပြင် ခရီးဝေးသွားနိုင်တဲ့ မော်ဒယ်နဲ့ ထပ်မံမိတ်ဆက်လိုက်ပါပြီ။ နောက်ဘီးယက် အမျိုးအစားဖြစ်တဲ့ ဒီမော်ဒယ်အတွက် အခြေခံဈေးနှုန်းကို ဒေါ်လာ ၄၄၉၉၀ သတ်မှတ်ပေးထားပါတယ်။
အရင်တုန်းကဆိုရင် အမေရိကန်မှ Tesla ပရိသတ်များဟာ Model Y ကို ဝယ်ယူမယ်ဆိုရင် ဒေါ်လာ ၆၀၀၀၀ အထိ ပေးပြီးဝယ်ယူခဲ့ရတာပါ။ ဒါပေမဲ့ အဲဒီအမျိုးအစားမှာတော့ လေးဘီးယက်စနစ် ဖြစ်ပါတယ်။
အခုမိတ်ဆက်လိုက်တဲ့ နောက်ဘီး ယက်အမျိုးအစားက တစ်ကြိမ်အားသွင်း ရုံနဲ့ အကွာအဝေး ၅၇၅ ကီလိုမီတာအထိ ခရီးပေါက်မှာပါ။ လေးဘီးယက်စနစ်နဲ့ ယှဉ်ရင်တော့ သူကနည်းနည်းလေး အထနှေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သုညကနေ တစ်နာရီ ၉၇ ကီလိုမီတာနှုန်းနဲ့ မောင်းနိုင်ဖို့ အချိန် ၅ ဒသမ ၄ စက္ကန့် ကြာတယ်လို့ဆိုပါတယ်။
Source: https://myawady.net.mm/
MM-News-Category