Huawei နဲ့ UBTech တို့ပူးပေါင်းမှုမှ လူတူစက်ရုပ်များ ထွက်လာမည်

News Image

  • Huawei နဲ့ UBTech တို့ပူးပေါင်းမှုမှ လူတူစက်ရုပ်များ ထွက်လာမည်

တရုတ်နိုင်ငံ ရှန်ဇန်းမြို့မှာ အခြေစိုက်တဲ့ Huawei နည်းပညာကုမ္ပဏီက UBTech ဆိုတဲ့ စက်ရုပ်နည်းပညာ ကုမ္ပဏီနဲ့လက်တွဲပြီး စက်ရုံများ၊ နေအိမ်များအတွက် လူတူစက်ရုပ်များကို ဖန်တီးထုတ်လုပ်သွားဖို့ ရှိတယ်လို့ဆိုပါတယ်။

သူတို့အနေနဲ့ အခုလိုမျိုးပူးပေါင်းပြီး လက်တွဲသွားရတဲ့ အကြောင်းပြချက်တစ်ခုကတော့ လူတူစက်ရုပ်တွေကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ဆဲအဆင့်မှသည် စက်ရုံ၊ အလုပ်ရုံတွေ၊ နေအိမ်တွေမှာ တွင်ကျယ်စွာအသုံးပြုနိုင်တဲ့ လူတူစက်ရုပ်တွေအထိ ဖြစ်လာဖို့ကို ရည်မှန်းလုပ်ဆောင်ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။

သူတို့ကုမ္ပဏီနှစ်ခုက လူတူစက်ရုပ်များကို အဓိကထား ထုတ်လုပ်မယ့်စမတ် စက်ရုံများကို တည်ဆောက်သွားဖို့စီစဉ်ထားပါတယ်။ အဲဒီကုမ္ပဏီနှစ်ခုရဲ့သဘောတူညီချက်အရဆိုရင် ခန္ဓာကိုယ်အတွင်း  မှတ်ဉာဏ်လုပ်ငန်းစဉ်တွေကို လုပ်ဆောင်တဲ့ အသိဉာဏ်တုပုံစံတစ်မျိုးအတွက် တီထွင်ဆန်းသစ်မှု စင်တာကိုလည်း တည်ဆောက်သွားမှာဖြစ်ပါတယ်။

Source: https://myawady.net.mm/