အမေရိကန်နှင့်တရုတ်တို့က ကုန်သွယ်ခွန်များ တိုးမြှင့်မှုကို ယာယီရပ်ဆိုင်းရန် သဘောတူညီချက်ရ

News Image

  • အမေရိကန်နှင့်တရုတ်တို့က ကုန်သွယ်ခွန်များ တိုးမြှင့်မှုကို ယာယီရပ်ဆိုင်းရန် သဘောတူညီချက်ရ

အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ အဆင့်မြင့်တာဝန်ရှိသူများက  ၎င်းတို့နှစ်နိုင်ငံကြား ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက်  တစ်နိုင်ငံက တစ်နိုင်ငံအပေါ်ချမှတ်ထားသည့် သွင်းကုန်စည်းကြပ်အခွန်များ တိုးမြှင့်ကောက်ခံမှုကို ခေတ္တရပ်ဆိုင်းရန် သဘောတူလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါနှစ်နိုင်ငံကြား ကုန်သွယ်ရေး ပဋိပက္ခများ ဖြစ်ပွားလာပါက နှစ်နိုင်ငံစလုံးတွင် စီးပွားရေးကျဆင်းမှုသာမက ဘဏ္ဍာရေးဈေးကွက်ကိုလည်း   ကမောက်ကမ ဖြစ်သွားစေနိုင်သည်။

အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် ကောက်ခံမည့် အခွန်နှုန်းထားကို ၁၄၅ ရာခိုင်နှုန်းအထိ သတ်မှတ်ထားသော်လည်း ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ တရုတ်နိုင်ငံကလည်း   အမေရိကန်မှ သွင်းကုန်များအပေါ် သတ်မှတ်ထားသည့်သွင်းကုန်အခွန် ၁၂၅ ရာခိုင်နှုန်းကို  ၁၀ ရာခိုင်နှုန်းအထိ  လျှော့ချပေးသွားမည်ဟု နှစ်ဖက်စလုံးက မေလ ၁၂ ရက်တွင်ပြောထားသည်။ အဆိုပါနှစ်နိုင်ငံကြား ဆောင်ရွက်ချက်အသစ်သည် ရက်ပေါင်း ၉၀ ကြာအထိ အသက်ဝင်မည်ဖြစ်သည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံစလုံးက ကိုယ်စီအမျိုးသား အကျိုးစီးပွားအတွက် ဆောင်ကြဉ်းနိုင်ကြောင်း၊   နှစ်နိုင်ငံကြား ညီမျှမှုရှိသော ကုန်သွယ်ရေး ရှိလာပြီဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် ဖြစ်ပေါ်လာသည့် ထိုအခြေအနေအတိုင်း ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း အမေရိကန်ဘက်က ပြောထားသည်။

Source: https://myawady.net.mm/