ရေပြင်အခြေပြု နျူကလီးယားထိပ်ဖူးတပ် အနိမ့်ပျံဒုံးကျည်အသစ် အမေရိကန်ဝယ်ယူမည်

News Image

  • ရေပြင်အခြေပြု နျူကလီးယားထိပ်ဖူးတပ် အနိမ့်ပျံဒုံးကျည်အသစ် အမေရိကန်ဝယ်ယူမည်

အမေရိကန်ရေတပ်က ၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်မှာ အရေးကြီးတဲ့စစ်လက်နက် ပစ္စည်းဝယ်ယူမှုအတွက် ဆုံးဖြတ်ချက် တစ်ခုကိုချမှတ်လိုက်ပါပြီ။ အဲဒီဆုံးဖြတ် ချက်ကတော့ ရေပြင်အခြေပြု နျူကလီးယားထိပ်ဖူးတပ် အနိမ့်ပျံဒုံးကျည်များကိုဝယ်ယူသွားဖို့ဖြစ်ပါတယ်။ အဲဒီဒုံးကျည်တွေကို ၂၀၃၄ ခုနှစ်အတွင်းမှာ ဖြန့်ကြက်အသုံးပြုသွားမှာပါ။ သူ့ကို Virginia အတန်းအစားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောများမှာ တပ်ဆင်သွားမှာဖြစ်တယ်လို့ ရေတပ်ဒုတိယဗိုလ်ချုပ်ကြီးဂျွန်နီဝေါ့ကအတည်ပြုပြောထားပါတယ်။

လက်ရှိမှာတော့ ဒီအစီအစဉ် က ဗိသုကာဒီဇိုင်းပိုင်းအဆင့်ကိုရောက်ရှိနေပြီဖြစ်ပြီး ဒုံးကျည်စနစ်၊ ပစ်လွှတ်ရေး ကိရိယာများ၊ ရေငုပ်သင်္ဘောနဲ့အံဝင်ခွင်ကျဖြစ်မှု၊ ထိပ်ဖူးဒီဇိုင်းနဲ့ လေ့ကျင့်ရေးနဲ့ ပတ်သက်တဲ့အခြေခံအဆောက်အဦများအတွက် အဓိကထား ပုံစံဖော်နေပြီဖြစ်ပါတယ်။

ဒါ့အပြင် အခုလိုရေပြင်အခြေပြုနျူကလီးယားထိပ်ဖူးတပ်အနိမ့်ပျံဒုံးကျည်ကို ဝယ်ယူသွားမှာဖြစ်ပေမယ့်လည်း လက်ရှိရေငုပ်သင်္ဘောရဲ့လုပ်ငန်းဆောင်တာများကို ထိခိုက်စေခြင်းမရှိစေဖို့ အထူးဂရုပြုဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ အမေရိကန်ရေတပ်က တိုက် ခိုက်ရေးသင်္ဘောများအပေါ်သက်ရောက်မှုနည်းပါးစေတဲ့ လုပ်ငန်းသဘောတရားများကိုအဆုံးသတ်နိုင်ဖို့ အမေရိကန် မဟာဗျူဟာကွပ်ကဲမှုဌာနချုပ် အပြင်အင်ဒို-ပစိဖိတ်ကွပ်ကဲမှုဌာနချုပ်နဲ့ပါ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ ဒီအစီအစဉ်အတွက် အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံသတ်မှတ်ထားပြီး နျူကလီးယားထိပ်ဖူးအတွက်   ဒေါ်လာသန်း ၄၀၀ အသုံးပြု သွားမှာဖြစ်ပါတယ်။               

Ref: IE K.H

Source: https://myawady.net.mm/