ရုရှား- မလေးရှား ဆက်ဆံရေးတိုးတက်ရန် မျှော်လင့်
အန်ဝါအီဘရာဟင်းနှင့် မေလ ၁၄ ရက်တွင် သီးသန့်တွေ့ဆုံပြီးနောက် ရုရှား-မလေးရှားဆက်ဆံရေးသည် တိုးတက်လျက်ရှိပြီး ယခု လမ်းကြောင်းအတိုင်း ဆက်လက်တည်တံ့နိုင်ရန် အကြောင်းအရာများ ရှိနေပါသည်ဟု ထုတ်ဖော်ပြောကြားလိုက်ပါသည်။
နှစ်နိုင်ငံလုံးသည် ပူးပေါင်းဆောင်ရွက်မှုများအပေါ် ပိုမိုအဓိပ္ပာယ်ရှိပြီး ထိရောက်မှုရှိလာစေရန် စိတ်ဝင်စားကြပါကြောင်း၊ ယင်းအတွက် လိုအပ်သော အခြေခံအုတ်မြစ်များ ရှိပြီးသားဖြစ်ကြောင်း၊ နှစ်နိုင်ငံတွင် ရှည်လျားသော မိတ်ဖက်ဆက်ဆံရေးနှင့် အပြန်အလှန်နားလည်မှု အစဉ်အလာများရှိပါကြောင်း၊ နှစ်နိုင်ငံအချင်းချင်း အကျိုးစီးပွားများကို အမြဲလေးစားလျက် အပြန်အလှန်အကျိုးကျေးဇူးရလဒ်များကို အခြေခံသည့် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရန် ကြိုးပမ်းခဲ့ကြပါကြောင်း ရုရှား ခေါင်းဆောင်က ထောက်ပြခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃