ဂျာမနီက စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းနိုင်ဖွယ်ရှိဟုဆို
ဘာလင်၊ ပြည်တွင်းရေး
ဂျာမနီအစိုးရအနေဖြင့် တပ်မတော် သို့ဝင်ရောက်အမှုထမ်းသူဦးရေ နည်းပါး လာပါက စစ်မှုထမ်းဥပဒေ ကိုပြန်လည် အသက်သွင်းနိုင်ဖွယ်ရှိကြောင်း ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယပ်က ပြောသည်။ ဂျာမနီနိုင်ငံသည် စစ်မှုထမ်းဥပဒေကို ၂၀၁၁ ခုနှစ်တွင် ဖျက်သိမ်းလိုက်ခြင်းဖြစ် သော်လည်း လက်ရှိ ဖြစ်ပွားလျက်ရှိသော ကမ္ဘာ့နိုင်ငံရေးအခြေအနေများကြောင့် ထိုဥပဒေကိုပြန်လည်ပြဋ္ဌာန်းရန် စဉ်းစား လာခြင်းဖြစ်သည်။ လက်ရှိတွင် မိမိသဘောဆန္ဒအရ စစ်မှုထမ်းလိုသူများအပေါ်တွင်သာ မှီခိုရန် အစိုးရအနေဖြင့် သဘောတူထားသော်လည်း လိုအပ်သည့်စစ်မှုထမ်းအင်အားမရရှိပါက စစ်မှုထမ်းဥပဒေ ကိုပြဋ္ဌာန်းရမည်ဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် ၂၀၃၁ ခုနှစ် အရောက်တွင် တန်းပြည့်စစ်မှုထမ်းအင် အား ၁၈၀၀၀၀ မှ ၂၀၀၀၀၀ အထိရရှိရန် စီစဉ်ထားကြောင်း၊ ယခုပထမသုံးလပတ် တွင် စစ်မှုထမ်းရန်လျှောက်ထားသူ ၂၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ပစ္စတိုး ရီးယပ်ကပြောထားသည်။
Ref: RT
Source: https://myawady.net.mm/