အနောက်အုပ်စု၏စစ်ကစားမှုကို ပြင်သစ်ကဦးဆောင်လာနေဟုဆို

News Image

  • အနောက်အုပ်စု၏စစ်ကစားမှုကို ပြင်သစ်ကဦးဆောင်လာနေဟုဆို

မော်စကို၊ ဆက်ဆံရေး

ပြင်သစ်နိုင်ငံသည် ရုရှားအပေါ်ဆန့်ကျင်သည့် အနောက်အုပ်စု၏ စစ်ကစားမှုကို ဦးဆောင်လာနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါ ရိုဗာကပြောသည်။

လက်ရှိအချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဦးဆောင်သော အစိုးရအဖွဲ့ က ပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက် ရင်ကြားစေ့ရေးကိုဦးစားပေးလုပ်ဆောင် လာနေသော်လည်း ပြီးခဲ့သည့်လ အနည်းငယ်အတွင်း ပြင်သစ်နိုင်ငံသည် ယူကရိန်း အပေါ်စစ်လက်နက်ပစ္စည်းများပိုမိုထောက်ပံ့ခြင်း၊ ရုရှားအပေါ်ပိတ်ဆို့မှုများပိုမိုချမှတ်ခြင်းတို့ဖြင့် အနောက်အုပ်စု၏စစ်ကစားမှုကို   ဦးဆောင်လာနေခြင်း ဖြစ်ကြောင်း မာရီယာဇာခါရိုဗာကပြောသည်။

ယခုနှစ်အစောပိုင်းတွင်ယူကရိန်းနိုင်ငံသို့ Mirage 2000 တိုက်လေယာဉ်များ ပေးပို့ထားသည့်     ပြင်သစ်အစိုးရက ယူကရိန်းက   တောင်းဆိုထားသော အကြောင်းပြချက်မရှိ ရက် ၃၀ အပစ်အခတ် ရပ်စဲရေးကို ရုရှားကလက်မခံလျှင် ဥရောပသမဂ္ဂက ရုရှားအပေါ် ပိတ်ဆို့မှုများထပ်မံချမှတ် မည်ဟု ပြောထားသည်။   

Ref: RT

Source: https://myawady.net.mm/