ငွေကြေးပမာဏများပြားလှသော ရင်းနှီးမြှုပ်နှံမှုကတိပြုချက်များနှင့်အတူ ထရမ့်၏ ပင်လယ်ကွေ့ နိုင်ငံများခရီးစဉ် အဆုံးသတ်
ဝါရှင်တန်၊ စီးပွားရေး
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ဒုတိယအကြိမ်သမ္မတသက်တမ်းအတွင်း ပထမဆုံးသော ပြည်ပခရီးစဉ်အဖြစ် ပင်လယ်ကွေ့နိုင်ငံများသို့သွား ရောက်ခဲ့ရာ ယခုအခါ ထိုနိုင်ငံများမှနေ၍ ငွေကြေးပမာဏအလွန်များပြားလှသော ရင်းနှီးမြှုပ်နှံမှု ကတိပြုချက်များနှင့်အတူ ထရမ့် ၏ခရီးစဉ်က အဆုံးသတ်သွားပြီဖြစ်ကြောင်း သိရသည်။
ထရမ့်သည် မေလ ၁၆ ရက်တွင် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)သို့ရောက်ရှိလာပြီး အမေရိကန်ဒေါ်လာ၁ ဒသမ ၄ ထရီလီယံတန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်သည်။
ထို့ပြင် ကာတာလေကြောင်းလိုင်းက အမေရိကန်မှ ဒေါ်လာဘီလီယံ ၂၀၀ တန်ဖိုးရှိ ဘိုးအင်း လေယာဉ်များဝယ်ယူမည့် သဘောတူညီချက်၊ ဆော်ဒီအာရေဗျမှ ဒေါ်လာဘီလီယံ ၆၀၀ တန်ဖိုးရှိ ရင်းနှီး မြှုပ်နှံမှုအစီအစဉ်တို့နှင့် ပတ်သက်၍သဘောတူညီချက်များရရှိထားပြီးဖြစ်သည်။
ယခုယူအေအီးနိုင်ငံနှင့်သဘောတူညီချက်များတွင် အမေရိကန်ပြည်ထောင်စုရှိ အချက်အလက် ဗဟိုဌာနများ၌ ယူအေအီးက ဝင်ရောက်ရင်းနှီးမြှုပ်နှံမည့်အစီအစဉ်များလည်း ပါဝင်သောကြောင့် ယင်းနိုင်ငံအနေဖြင့်AIနည်းပညာအပါအဝင်အဆင့်မြင့်နည်းပညာကဏ္ဍ၌ဦးဆောင်နိုင်ငံတစ်ခုဖြစ်အောင် ကြိုးပမ်း လာနေကြောင်းမြင်တွေ့ရသည်။
အမေရိကန်နှင့် ပင်လယ်ကွေ့နိုင်ငံများကြားယခုကဲ့သို့သဘောတူညီချက်များ ရရှိခြင်းနှင့်အတူ အမေရိကန်က ဆီးရီးယား အပေါ်ချမှတ်ထားသော ပိတ်ဆို့မှုများရုပ်သိမ်းပေးခြင်းနှင့် အီရန်နှင့်နျူကလီးယား အရေးဆွေးနွေးပွဲတွင် အပြုသဘောဆောင်သောရလဒ်များ ထွက်ပေါ်လာမည့်မျှော်လင့်ချက်များမြင့် မားလာစေကြောင်းသိရသည်။
Ref: AGC
Source: https://myawady.net.mm/