အကြမ်းဖက်လုပ်ရပ်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြေခံ ပညာကျောင်း (၄၂၂၈) ကျောင်း ဖွင့်လှစ်နိုင်ခြင်း မရှိ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လှုပ်ရှားများ ရှိနေသည့်မြို့နယ်များတွင် အချို့စာသင်ကျောင်းများ စာသင်ကြားနိုင်ခြင်းမရှိဘဲ အကြမ်းဖက်သမားများ၏ အကြမ်းဖက်စခန်း၊ လက်နက်ထုတ်လုပ်သည့် နေရာဖြစ်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ပညာရေးဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းပေါင်း ၅၄၉၀ ကျောင်း ရှိပြီး ၂၀၂၄ -၂ဝ၂၅ ပညာသင်နှစ်တွင် ၁၂၆၂ ကျောင်းဖွင့်လှစ်ခဲ့ပြီး ဒေသ အခြေအနေအရ မဖွင့်လှစ်နိုင်သည့် ကျောင်းမှာ ၄၂၂၈ ကျောင်း ရှိပါကြောင်း ဖြေကြားထားသည်။
အချို့စာသင်ကျောင်းများကို အကြမ်းဖက်သမားများက NUG အကြမ်းဖက် အဖွဲ့၏ ကြားကာလကျောင်း အဖြစ်ဖွင့်လှစ်ထားပြီး တရားမဝင် အကြမ်းဖက်သမားများက ဖွင့်နေသည့် ကျောင်းအရေအတွက်နှင့် ပတ်သက်၍ သီးခြား ဖြေကြားခြင်းမရှိပေ။
ကိုးကား- MNP
MM-News-Category