ရုရှားထုတ် တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ လက်ခံရရှိသည့်အတွက် ရုရှားနိုင်ငံအား ကျေးဇူးတင်ကြောင်း မြန်မာနိုင်ငံ၊ နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြား

News Image

  • ရုရှားထုတ် တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ လက်ခံရရှိသည့်အတွက် ရုရှားနိုင်ငံအား ကျေးဇူးတင်ကြောင်း မြန်မာနိုင်ငံ၊ နိုင်ငံတော်ဝန်ကြီးချုပ်ပြောကြား

မြန်မာ့တပ်မတော်သည် ရုရှားထုတ် တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ရရှိထားပြီးဖြစ်ပါကြောင်း၊ ယင်းအတွက် ရုရှားနိုင်ငံနှင့် ရုရှားတပ်မတော်အား အထူးကျေးဇူးတင်ရှိပါကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Krasnaya Zvezda သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားထားပါသည်။

“ရုရှားတွင် ထုတ်လုပ်သော Su-30 မှာ စွမ်းဆောင်ရည်မြင့်မားသောစတုတ္ထမျိုးဆက် ဘက်စုံသုံး တိုက်လေယာဉ်ဖြစ်ပြီး၊ မိမိတို့ လေတပ် စွမ်းရည်ကို မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လိမ့်မည်” ဟု နိုင်ငံတော် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

ထို့အပြင် မြန်မာ့တပ်မတော် နည်းပညာတိုးတက်မှုအတွက် ရုရှားတွင် လေ့ကျင့်သင်ကြားခဲ့သော တပ်မတော်သားများ၏ ပါဝင်မှုမှာလည်း အရေးကြီးကြောင်း ၊ ဤအချက်ကြောင့် မိမိတို့၏ နိုင်ငံကာကွယ်ရေးတွင် သိသာထင်ရှားသော တိုးတက်မှုများ ရှိခဲ့ပါကြောင်း၊ ထပ်မံ၍ စစ်ဘက် ဆိုင်ရာနှင့် အရပ်ဘက်ကျွမ်းကျင်သူများကို လေ့ကျင့်ပေးနိုင်ရေး ရုရှားသို့ ဆက်လက်စေလွှတ်နေဆဲဖြစ်ကြောင်းဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့ပါသည်။

ပညာရေးနယ်ပယ်တွင်လည်း အရည်အချင်းပြည့်ဝသော ကျွမ်းကျင်သူများကို ရုရှားဘက်မှ လေ့ကျင့်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယင်းသည် မြန်မာ့တပ်မတော်အတွက်သာမက မိမိတို့နိုင်ငံအတွက်ပါ အကျိုးရှိစေပါမည်ဟု   နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် ပြောကြားခဲ့ ပါသည်။

ကိုးကား- TASS

Photo: The Asia Live

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃