လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ကို ဖန်တီးကြမည်ဖြစ်သဖြင့် စိတ်ဓာတ်စည်းကမ်းကောင်းပြီး စာပေပညာ၊ အတတ်ပညာ ပြည့်စုံသည့် လူငယ်များကို မွေးထုတ်ပေးခြင်းသည် တိုင်းပြည်၏ အနာဂတ်ကို တည်ဆောက်နေခြင်းပင်ဖြစ်
နေပြည်တော် မေ ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။
လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြ
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လုပ်ငန်းလည်ပတ်လျက်ရှိမှုအခြေအနေများ၊ အထွေထွေတင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးမှာကြား
လျှပ်စစ်စွမ်းအင်ဆိုင်ရာ တင်ပြချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားရာတွင် လျှပ်စစ်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် လိုအပ်ချက်ပြည့်မီမှုမရှိသေးကြောင်း၊ လျှပ်စစ်စွမ်းအင်မရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိုက်သင့်သလောက်ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိရေးအတွက် လျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို ယခင်ကာလများကတည်းကပင် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း အဆိုပါရှိရင်းစွဲလျှပ်စစ်ဓာတ်အားပေးစီမံကိန်းများကို အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မှု မရှိခဲ့ခြင်းကြောင့် လျှပ်စစ်ဓာတ်အားဖူလုံမှုမရှိခြင်းဖြစ်ကြောင်း၊ ထင်ရှားသည့် ဥပမာတစ်ခုကို ပြမည်ဆိုပါက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့ရမှုမရှိပါက မဂ္ဂါဝပ် ၆၀၀၀ ရရှိမည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတို့ ပေါင်းစပ်လိုက်မည်ဆိုပါက လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီရုံသာမက ကျော်လွန်သည့် အနေအထားသို့ပင် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြည့်ဖြိုးမြဲလျှပ်စစ်စွမ်းအင်ကို ထုတ်ယူသုံးစွဲခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ ပြည့်ဖြိုးမြဲစွမ်းအင်တွင် ရေအား၊ လေအားနှင့် နေအားဟူ၍ရှိကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများကို မိမိတို့နိုင်ငံအတွင်း စီးဆင်းနေသည့် မြစ်ချောင်းများပေါ်၌ ဆောင်ရွက်၍ရနိုင်သည် ဖြစ်သော်လည်း အချို့သောနေရာများ၌ လုံခြုံရေးအခြေအနေအရ စီမံကိန်းများရပ်တန့်ထားရခြင်းများနှင့် လုပ်ငန်းဆောင်ရွက်၍ မရနိုင်သည်များလည်းရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လုပ်ဆောင်၍ ရနိုင်သည့်နေရာများကို ဖော်ထုတ်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ အနိမ့်တမံ Low-Head Dam များ ပြုလုပ်၍လည်း ရေအားလျှပ်စစ်ထုတ်ယူ၍ရနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် နေသာသည့်နေ့ရက် များပြားသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်စွမ်းအင်ထုတ်ယူခြင်းကို ဆောင်ရွက်သင့်ကြောင်း၊ ဆိုလာထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပြီး ဆိုလာများသည် အနာဂတ်တွင် လိုအပ်ချက်ကြီးမားလာနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း Small Skill ဆိုလာစက်ရုံများကို ဆောင်ရွက်သင့်ကြောင်း၊ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ပတ်သက်၍ မဖြစ်မနေဆောင်ရွက်ရန် လိုအပ်သည်ဟူသည့် မူဝါဒကို ချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း။
အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/news/70177