ထရမ့်က ဇီလန်စကီးနှင့် ဆက်ဆံရေး အခက်အခဲများကို ဖွင့်ဟ
သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအပြီး “တစ်ခုခုဖြစ်လာလိမ့်မည်” ဟု မျှော်လင့်ကြောင်း ဖွင့်ဟခဲ့သော်လည်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးသည် မော်စကိုနှင့် ပဋိပက္ခကို အပြီးအပိုင် အဆုံးသတ်ရန် အပြည့်အဝ ကတိကဝတ် ပြုထား ခြင်း ရှိ၊ မရှိ မရှင်းလင်းသေးကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်ရာတွင် ကိယက်ဗ် ထက် မော်စကိုနှင့် ဆက်ဆံရေးက ပိုမိုလွယ်ကူကြောင်း မကြာခဏ ပြောဆိုခဲ့သည့် ထရမ့်သည် ယူကရိန်းသည် ပဋိပက္ခကို အဆုံးသတ်ရန် “လုံလောက်စွာ လုပ်ဆောင်နေပြီလား” ဟု မေးမြန်းခံရသည့်အခါ အလားတူ ခံစားချက်ကို ထပ်လောင်းဖော်ပြခဲ့သည်။
“ယူကရိန်းအနေဖြင့် ပဋိပက္ခကိုအဆုံးသတ်ရန် လုပ်ဆောင်မှုနှင့် ပတ်သက်၍ လာမည့်သီတင်းနှစ်ပတ်အတွင်း သိရှိနိုင်မည်ဖြစ်ပြီး ဇီလန် စကီးသည် ဆက်ဆံရ ခက်ခဲသူတစ်ဦးဖြစ်သော်လည်း ပြဿနာကို ဖြေရှင်းလိုသည်ဟု မျှော်လင့်ပါကြောင်း” ထရမ့်က ပူတင်နှင့် ဇီလန်စကီးတို့နှင့် သီးသန့်ဆွေးနွေးပြီးနောက် အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂