တရုတ်နိုင်ငံသည် ကမ္ဘာ့ပထမဆုံး “ဒရုန်းတင်ဆောင်ယာဉ်” လေယာဉ်ကို စမ်းသပ်ပျံသန်းရန် ပြင်ဆင်နေ

News Image

  • တရုတ်နိုင်ငံသည် ကမ္ဘာ့ပထမဆုံး “ဒရုန်းတင်ဆောင်ယာဉ်” လေယာဉ်ကို စမ်းသပ်ပျံသန်းရန် ပြင်ဆင်နေ

တရုတ်နိုင်ငံသည် ကမ္ဘာ့ပထမဆုံးဖြစ်လာမည့် “ဒရုန်းတင်ဆောင်ယာဉ်” လေယာဉ်ကို စမ်းသပ်ပျံသန်းရန် ပြင်ဆင်နေပြီး ယင်းယာဉ်သည် ဝေဟင်အမြင့်ပိုင်းတာဝန်များအတွင်း AI ထိန်းချုပ်သော ကာမီကာဇီ ဒရုန်းများကို လွှတ်တင်ပေးနိုင်မည်ဖြစ်သည်။

နိုင်ငံပိုင်ရုပ်သံ CCTV ၏ဖော်ပြချက်အရ "Jiu Tian" (သို့) "High Sky" UAV သည် ဇွန်လကုန်တွင် ပထမဆုံးစမ်းသပ်ခရီးစဉ်ကို ပြီးမြောက်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

၎င်းလေယာဉ်သည် အများဆုံးပျံတက်စဉ်အလေးချိန် ၁၆ တန်၊ တောင်ပံ အလျား ၂၅ မီတာရှိပြီး ပုံမှန်တာလတ်ပစ်အကွာအဝေးပစ်ခတ်နိုင်သော လေကြောင်းရန်ကာကွယ်ရေးစနစ်များထက် ပိုမိုမြင့်မားသော ၁၅,၀၀၀ မီတာ (၅၀,၀၀၀ ပေ) အထိ ပျံသန်းနိုင်ကာ မိုင်ပေါင်း ၇,၀၀၀ (၄,၃၅၀ မိုင်) အထိ ပျံသန်းနိုင်သည်ဟု ဆိုသည်။

Jet အင်ဂျင်သုံး Jiu Tian သည် ၆ တန်အထိ လက်နက်ခဲယမ်းများ တင်ဆောင်နိုင်ပြီး ကိုယ်ထည်၏နှစ်ဖက်တွင် တပ်ဆင်ထားသော ဒရုန်း လွှတ်တင်သည့်နေရာမှ ကာမီကာဇီ UAVs အပါအဝင် ကင်းထောက် ယာဉ်ငယ်များ (သို့) ဒရုန်းငယ်များ ၁၀၀ အထိ လွှတ်တင်နိုင်သည်။

စမ်းသပ်ခရီးစဉ်များ အောင်မြင်စွာပြီးဆုံးပါက တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) သည် ၎င်းကို “ဒရုန်းမိခင်သင်္ဘော” UAV အဖြစ် အသုံး ပြုရန် စီစဉ်ထားပြီး ယင်းသည် တိုက်ခိုက်ရေးဒရုန်းများ၏ လုပ်ဆောင်ချက်အကွာအဝေးကို တိုးချဲ့ပေးနိုင်မည့်အပြင် ၎င်းတို့၏ အုပ်စုလိုက်တိုက်ခိုက်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးမည်ဖြစ်သည်။ ထို့အပြင် ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနှင့် ရှာဖွေရေးတာဝန်များတွင်သာမက အီလက်ထရောနစ်စစ်ဆင်ရေးများတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂