အရှေ့တောင်အာရှဒေသ တစ်ဝိုက်ရှိ ဆိပ်ကမ်းများ ပိုမို စည်ကားလာဖွယ်ရှိ
အရှေ့တောင်အာရှဒေသရှိ ဆိပ်ကမ်းများသည် ပြန်လည်စည်ကားလာနိုင်သည့် အနေအထားမျိုးတွင် ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်၏အကောက်ခွန်နှုန်းထား တိုးမြှင့်ကောက်ခံမှုများမှ ရှောင်ရှားနိုင်ရန် တရုတ်နိုင်ငံ၊ ပေကျင်းတစ်ဝိုက်ရှိ ဆိပ်ကမ်းများတွင် သင်္ဘော ကျောက်ဆူးချ၍ ခေတ္တရပ်နားနိုင်သောကြောင့် ဖြစ်ပါသည်။
သမ္မတဒေါ်နယ်ထရမ့်၏ အကောက်ခွန်နှုန်းထားတိုးမြှင့်မှုများသည် နိုင်ငံများ၏ ကုန်စည်တင်ပို့နေသည့် သင်္ဘောများ၏ လမ်းကြောင်းများကို ပြောင်းလဲစေပြီး အထူးသဖြင့် ကမ္ဘာ့ကုန်သွယ်မှုတွင် အသက်သွေးကြောဖြစ်သည့် အရှေ့တောင်အာရှဒေသရှိ ဆိပ်ကမ်းများသည် ပိုမို စည်ကားလာပြီး အရှိန်ရလာဖွယ်ရှိပါသည်။
သို့သော်လည်း တစ်ဖက်တွင် ရုတ်တရက် သင်္ဘောကမ်းကပ်မှု ပမာဏ များပြားလာခြင်းသည် အခြေခံအဆောက်အအုံ ခိုင်မာမှုမရှိသေးသည့် ဆိပ်ကမ်းများအတွက် အဆင်မပြေမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ခန့်မှန်းထားပါသည်။
ကိုးကား- The Business Times
ဘာသာပြန်ဆိုသူ- ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃