ရုရှားက အမေရိကန်ကို နိုင်ငံတကာလုံခြုံရေးဖိုရမ်သို့ဖိတ်ခေါ်
မော်စကို၊ ဆက်ဆံရေး
ရုရှားအစိုးရက မော်စကိုမြို့၌ကျင်းပမည့် နိုင်ငံတကာလုံခြုံရေးဖိုရမ်သို့ အမေရိကန်နိုင်ငံကို ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။ အဆိုပါလုံခြုံရေးဖိုရမ်ကို မေလ ၂၇ ရက်မှ ၂၉ ရက်အထိကျင်းပမည်ဖြစ်ပြီး ထိုဖိုရမ်သို့ အမေရိကန်အပါအဝင် ရုရှား၏ မိတ်ဆွေမဟုတ်သော နိုင်ငံများကိုပါ ဖိတ်ခေါ်ထားကြောင်းနှင့် ထိုနိုင်ငံများကလည်း ဖိုရမ်သို့တက်ရန်စိတ်ဝင်စားသည် ဟုတုံ့ပြန်ထားကြောင်း ရုရှားလုံခြုံရေးကောင်စီ ဒုတိယအတွင်းရေးမှူး အလက်ဇန်းဒါးဗီနီဒစ်တော့ကပြောသည်။
၁၃ ကြိမ်မြောက်အဖြစ်ကျင်းပမည့် ထိုနိုင်ငံတကာလုံခြုံရေးဖိုရမ်ကို ရုရှား လုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂျီ ရွှိုင်ဂူကဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံ ပေါင်း ၁၀၀ ကျော်မှ ကိုယ်စားလှယ်အဖွဲ့ ပေါင်း ၁၂၅ ဖွဲ့ကျော်တက်ရောက်မည်ဖြစ်သည်။
Ref: Sputnik
Source: Myawady Daily Newspaper
MM-News-Category