အစ္စရေး၏ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတွင် ခိုလှုံနေသူ ၃၃ ဦးအပါအဝင် ပါလက်စတိုင်း ပြည်သူ ၅၂ ဦးသေဆုံး
အစ္စရေးတို့၏ မေလ ၂၆ ရက်တိုက်ခိုက်မှုတွင် စာသင်ကျောင်းတစ်ကျောင်း၌ ခိုလှုံနေရသူ ၃၃ ဦးအပါအဝင် ပါလက်စတိုင်း ပြည်သူ ၅၂ ဦးသေဆုံးရကြောင်း ဂါဇာရှိ ကယ်ဆယ်ရေးသမားများက ပြောသည်။
အဆိုပါတိုက်ခိုက်မှု လုပ်ဆောင်သည့် နေရာသည် အကြမ်းဖက်သမားများ ပုန်းခိုနေသည့် နေရာဖြစ်ကြောင်း အစ္စရေးက ပြောထားသော်လည်း ယခုတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသူအများစုသည် ကလေးငယ်များသာ ဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ထုတ်ပြန် ထားသည်။
အစ္စရေးနိုင်ငံသည် စားနပ်ရိက္ခာနှင့် ဆေးဝါးမျာ ပြတ်လပ်လုနီးပါးဖြစ်နေသည့် ဂါဇာဒေသအပေါ် သုံးလကြာပိတ်ဆို့ထားမှုကို အနည်းငယ် ဖြေလျှော့ပေးမှုကြောင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ စီးဆင်းခွင့် ရရှိသော်လည်း မြေပြင်တွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာနေသည့် အတွက် နိုင်ငံတကာ၏ အပြစ်တင်ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။
Source: Myawady Web Portal
MM-News-Category