Skip to main content
  • ပင်မစာမျက်နှာ
  • ကျွန်ုပ်တို့အကြောင်း
  • သတင်းများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍသတင်းများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍသတင်းများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေသတင်းများ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ကဏ္ဍများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
  • ဆောင်းပါးများ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆောင်းပါးများ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍအကြောင်းဆောင်းပါးများ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆောင်းပါးများ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆွေးနွေးချက်များ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍအကြောင်းဆွေးနွေးခြင်း

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေအကြောင်းဆွေးနွေးခြင်း

    • ပြည်တွင်း
    • နိုင်ငံတကာ
  • အမေးအဖြေကဏ္ဍ
    • လုံခြုံရေးကဏ္ဍ
    • နိုင်ငံရေးကဏ္ဍ
    • စီးပွားရေးကဏ္ဍ
    • လူမှုရေးကဏ္ဍ
    • တိုင်းရင်းသားရေးရာကဏ္ဍ
    • နည်းပညာကဏ္ဍ
    • အထွေထွေ

    လုံခြုံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    နိုင်ငံရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    စီးပွားရေးကဏ္ဍ

    • ပြည်တွင်း
    • နိုင်ငံတကာ

    လူမှုရေးကဏ္ဍ

    • ပညာရေး
    • ကျန်းမာရေး
    • ယဉ်ကျေးမှု
    • အားကစား
    • လူငယ်‌ရေးရာ
    • ဘာသာ‌ရေး

    တိုင်းရင်းသားရေးရာကဏ္ဍ

    • ယဉ်ကျေးမှု
    • ဘာသာ‌ရေး
    • အထင်ကရနေရာများ

    နည်းပညာကဏ္ဍ

    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း

    အထွေထွေ

    • ပြည်တွင်း
    • နိုင်ငံတကာ
  • ဆက်သွယ်ရန်

en-language-menu

  • English

ရေကြီးခြင်း သတိပေးချက်

sacadmin Tue, 05/27/2025 - 10:43

News Image

  • flood alarm
MM-News-Category
အထွေထွေသတင်း
အထွေထွေ-ပြည်တွင်းသတင်း

ဆက်စပ်သတင်းများ

အင်ဒိုနီးရှား၌ လီဝိုတိုဘီလာကီလာကီမီးတောင်ပေါက်ကွဲမှုဖြစ်ပွား မီးတောင်ပြာများကို ၁၈ ကီလိုမီတာအမြင့်အထိမှုတ်ထုတ်
အင်ဒိုနီးရှား၌ လီဝိုတိုဘီလာကီလာကီမီးတောင်ပေါက်ကွဲမှုဖြစ်ပွား မီးတောင်ပြာများကို ၁၈ ကီလိုမီတာအမြင့်အထိမှုတ်ထုတ်
အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း နူဆာတန်း ဂါရာပြည်နယ်ရှိ လီဝိုတိုဘီလာကီလာကီမီးတောင်သည်  ဩဂုတ်လ ၁ ရက်ညပိုင်းနှင့် ၂ ရက်နံနက်ပိုင်းတို့တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်းနှင့် မီးတောင်ပြာများကို ၁၈ ကီလိုမီတာအမြင့်အထိ မှုတ်ထုတ်ကြောင်း ဒေသတွင်း တာဝန်ရှိသူများကပြောသည်။ပထမအကြိမ် မီးတောင်ပေါက်ကွဲမှုက ဩဂုတ်လ ၁ ရက် ည ၈ နာရီ ၄၅ မိနစ်တွင်ဖြစ်ပွားခြင်းဖြစ်ပြီး ပြာများကို ၁၀ ကီလိုမီတာအမြင့်အထိ မှုတ်ထုတ်ကြောင်း၊ ဒုတိ ယအကြိမ်မီးတောင်ပေါက်ကွဲမှုမှာ ဩဂုတ် လ ၂ ရက်နံနက် ၁ နာရီ ၂၆ မိနစ်တွင်ဖြစ်ပွားခြင်းဖြစ်ကာ ပြာများကို ၁၈ ကီလိုမီတာ အမြင့်အထိမှုတ်ထုတ်ကြောင်း မီးတောင် နှင့်ဘူမိအန္တရာယ် လျော့ပါးရေးစင်တာ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။မီးတောင်ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ဒေသခံများနှင့်ခရီးသွားများ အနေဖြင့် မီးတောင်အဝမှ အချင်း ၆ ကီလိုမီတာ ပတ်လည်တွင်နေထိုင်ခြင်း မပြုရန် တာဝန် ရှိသူများက တိုက်တွန်းထားသည်။အလားတူ ကျေးရွာများရှိပြည်သူများ အနေဖြင့်လည်း မိုးရွာသွန်းမှုများဖြစ်ပွား နေသည့်အတွက်   အဆိုပါမိုးနှင့်အတူမီးတောင်ပြာမှုန်များရော၍ ရွှံ့ရည်ဖုံးလွှမ်းမှု များဖြစ်ပွားနိုင်ကြောင်းနှင့် ပြည်သူများ အနေဖြင့် မီးတောင်ပြာမှုန်များကို မရှူမိ စေရေးအတွက် နှာခေါင်းစည်းများကိုတပ် ထားရန် တာဝန်ရှိသူများက အကြံပြုသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။MWD Web Portal
Sun, 3-Aug-2025
ဒေါ်လာ ၂၅၀၀၀ တည်းနဲ့စတင်ရောင်းချမယ့် Onvo L90 SUV
ဒေါ်လာ ၂၅၀၀၀ တည်းနဲ့စတင်ရောင်းချမယ့် Onvo L90 SUV
Nio ဆိုတာ တရုတ်နိုင်ငံမှာ လူကြိုက်များတဲ့ လျှပ်စစ်စွမ်းအင်သုံး ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အဲဒီကားကုမ္ပဏီ ရဲ့လက်ခွဲတစ်ခုဖြစ်တဲ့ Onvo က L90 အမျိုးအစား SUV ကားတွေကို ထုတ်လုပ်ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ SUV ဆိုတဲ့အတိုင်းပဲ မိသားစုများတဲ့ သူတွေအတွက် အဆင်ပြေတဲ့ကားတစ်စီးဖြစ်လာ မှာဖြစ်ပါတယ်။ ဒါ့အပြင် သူ့မှာစိတ်အဝင်စားဆုံး အချက်တစ်ချက်က ဈေးနှုန်းမှာ သူများတွေထက် နည်းပါးနေခြင်းဖြစ်ပါတယ်။    သူ့ရဲ့သတ်မှတ်ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၂၅၀၀၀ သာရှိပါတယ်။  ဒါဟာ  ဥရောပဒေသမှာ ရောင်းချနေတဲ့ Renault 5 ထက်တောင်မှ ဈေးသက်သာနေတာပါ။အလျားအားဖြင့် ၅၁၄၅ မီလီမီတာ၊ ဗြက် ၁၉၉၈ မီလီမီတာ၊ အရှည် ၁၇၈၆ မီလီမီတာရှိတာကြောင့် တကယ့်ကိုအရွယ်အစားကြီးမားတဲ့  SUV အပြည့် ဆိုဒ်ဖြစ်ပါတယ်။  ဒီအရွယ်အစားအရကြည့်မယ် ဆိုရင် ကားရဲ့အတွင်းခန်းက သိပ်ကိုကျယ်ဝန်းမှာ ဖြစ်ပြီး ထိုင်ခုံခြောက်လုံး သို့မဟုတ် ခုနစ်လုံးအထိ ထည့်သွင်းထားနိုင်ပါတယ်။သူ့မှာနောက်ထပ် လူပြောများနေတဲ့ အားသာချက် တစ်ခုက ရှေ့ဘောနက်ဖုံးဟာ ကုန်ပစ္စည်းတွေထည့် တဲ့နေရာဖြစ်နေခြင်းဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် လီတာ ၂၄၀ အထိရှိပါတယ်။ ဒါကြောင့် အဲဒီထဲမှာ လက်မ ၃၀ ရှိတဲ့အဝတ်အစားသေတ္တာကိုထည့် နိုင်မယ်လို့ ကုမ္ပဏီကပြောပါတယ်။ အတွင်းပိုင်းမှာ ဆိုရင်လည်း လိုက်ပါစီးနင်းသူတွေ သက်သောင့် သက်သာဖြစ်မှုကို ဦးစားပေးထားတာ တွေ့ရပါတယ်။ သာမန်အားဖြင့် SUV တွေရဲ့နောက်ဆုံးခုံတန်းက ကျဉ်းကျဉ်းကျပ်ကျပ်ရှိပေမယ့် ဒီမှာကျတော့ အမြင့် က ၉၆၂ မီလီမီတာရှိတဲ့အပြင် နောက်ကိုလည်း ၃၈ ဒီဂရီအထိလှန်ချနိုင်တာကြောင့် ခရီးဝေးတွေမှာတောင်  သက်သောင့်သက်သာ အနေအထားကို ဖြစ်စေမှာပါ။ MWD Web Portal
Sun, 3-Aug-2025
လျှပ်စစ်စွမ်းအင်သုံး GLC ကိုထုတ်ဖော်ပြသလာမယ့် Mercedes-Benz
လျှပ်စစ်စွမ်းအင်သုံး GLC ကိုထုတ်ဖော်ပြသလာမယ့် Mercedes-Benz
Mercedes-Benz ဆိုတာ ကမ္ဘာကျော်တဲ့ မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်တယ်ဆိုတာ အားလုံးအသိပါ။ ဒီနောက်ပိုင်းမှာ Mercedes-Benz ရဲ့ဂုဏ်သိက္ခာကို ပိုမိုထိန်းသိမ်းပေးလာတဲ့အရာက ဓာတ်ဆီစွမ်းအင်သုံး GLC ပါပဲ။ GLC က Mercedes-Benz ကုမ္ပဏီရဲ့ ထိပ်တန်းရောင်းအားအကောင်းဆုံး  ကားအဖြစ်နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တာပါ။  သူက Mercedes Benz ကို ပိုမိုကျော်ကြားအောင် လုပ်ပေးခဲ့တာဆိုရင်လည်း မမှားပါဘူး။အခုတော့ Mercedes-Benz ကုမ္ပဏီက သူတို့ရဲ့ ကျော်ကြားမှုကို လျှပ်စစ်စွမ်းအင်သုံးမော်တော်ကား တွေဆီဦးလှည့်လာပါပြီ။ ဒီလိုမျိုးဦးလှည့်လာချိန်မှာ သူတို့ရဲ့အရောင်းရဆုံး မော်တော်ကားဖြစ်တဲ့ GLC ကိုလျှပ်စစ်စွမ်းအင်သုံးကားအဖြစ် ပြောင်းလဲခြင်း အားဖြင့် ဦးလှည့်လာတာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာလုပ်တဲ့ IAA MOBILITY 2025 ပြပွဲမှာ Mercedes-Benz က သူတို့အနေနဲ့ဆန်းသစ်ထားတဲ့ လျှပ်စစ်စွမ်းအင်အပြည့်အဝသုံး GLC ကားများကို ထုတ်ဖော်မိတ်ဆက် ပြသသွားမှာဖြစ်ပါတယ်။ အဲဒီ မှာ သူတို့ကပဲ ပွဲကိုဦးဆောင်သွားမယ့် အခြေအနေရှိပါတယ်။တကယ်တော့ ဈေးကွက်ထဲမှာ နာမည်ရပြီးသား၊ အောင်မြင်ပြီးသားကားတစ်စီးကို လျှပ်စစ်စွမ်းအင် သုံးကားအဖြစ်ပြောင်းလဲပြီး ဈေးကွက်ပြန်တင်ဖို့ ဆိုတာ သိပ်ကိုကြီးမားတဲ့ အလောင်းအစားတစ်ခုပါ။ ဒါပေမဲ့ Mercedes-Benz ကုမ္ပဏီကတော့ သူတို့ရဲ့ အခုမော်ဒယ်အသစ်ဟာ သူ့ရဲ့အမှတ်တံဆိပ်အတွက် မျက်နှာသစ်ဖြစ်တဲ့အပြင် ခိုင်မာတဲ့လျှပ်စစ်စွမ်းအင် သုံးအနာဂတ်ဆီ ဦးတည်လျှောက်လှမ်းသွားမှာဖြစ် တယ်လို့ ဆိုထားပါတယ်။Mercedes-Benz ကုမ္ပဏီက သူတို့အနေနဲ့လျှပ် စစ်စွမ်းအင်သုံးကားများစွာကိုလည်း ထုတ်လုပ်ထား ပြီးပါပြီ။ ဒါကြောင့် အခုပွဲမှာ အလုံးစုံအသစ်အဆန်း ဖြစ်တဲ့ CLA အမျိုးအစားမော်တော်ကားကိုလည်း ထုတ်ဖော်ပြသသွားမှာဖြစ်ပါတယ်။ IAA MOBILITY  2025 ပြပွဲကိုတော့ စက်တင်ဘာလ ၉ ရက်မှ ၁၄ ရက် အထိကျင်းပသွားမှာဖြစ်ပါတယ်။MWD Web Portal
Sun, 3-Aug-2025
အမေရိကန် F-35 တိုက်လေယာဉ်တစ်စီး ကယ်လီဖိုးနီးယားတွင် ပျက်ကျ
အမေရိကန် F-35 တိုက်လေယာဉ်တစ်စီး ကယ်လီဖိုးနီးယားတွင် ပျက်ကျ
အမေရိကန်ရေတပ်၏ F-35 တိုက်လေယာဉ်တစ်စင်းသည် ကယ်လီဖိုး နီးယား ပြည်နယ်အလယ်ပိုင်းတွင် ပျက်ကျသွားခဲ့သော်လည်း လေယာဉ်မှူး သည် အောင်မြင်စွာ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။ဖရက်စနိုကောင်တီရဲအရာရှိရုံး၏ ထုတ်ပြန်ချက်အရ လေယာဉ်မှူးသည် ထိုင်ခုံဖြင့်အတူ ကန်ထွက်နိုင်ခဲ့ပြီး ပျက်ကျသည့်နေရာအနီးရှိ ကွင်းပြင် တစ်ခုတွင် လေထီးဖြင့် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်သည် ဖရက်စနိုမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၆၀ အကွာရှိ ရေတပ်အခြေစိုက် လေတပ်စခန်း (NAS Lemoore) အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုများအရ ပျက်ကျသည့်နေရာ တွင် မီးလောင်မှုများနှင့် မီးခိုးများ ထွက်ပေါ်နေပြီး အရေးပေါ် ဝန်ဆောင်မှု အဖွဲ့များ ချက်ချင်းရောက်ရှိကာ ဘေးအန္တရာယ်ကင်းရှင်းစေရေး လုပ်ဆောင်မှု များ ပြုလုပ်နေသည်ကို တွေ့ရသည်။ပျက်ကျသည့် F-35 လေယာဉ်သည် "Rough Raiders" တပ်ဖွဲ့၏ လေ့ကျင့်ရေးယူနစ်မှ ဖြစ်ပြီး ယခုအချိန်ထိ ပျက်ကျမှုအကြောင်းရင်းကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးဘဲ အမေရိကန်ရေတပ်နှင့် လေတပ် တို့သည် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။F-35 သည် အမေရိကန်၏ အဆင့်မြင့်တိုက်လေယာဉ်တစ်မျိုးဖြစ်ပြီး နည်းပညာ အဆင့်မြင့်မားသော်လည်း ယခင်ကလည်း နည်းပညာ ချို့ယွင်းမှု များကြောင့် ပျက်ကျမှုများ ရှိခဲ့ဖူးသည်။ကိုးကား- NP Newsဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
Sat, 2-Aug-2025
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော် - ရန်ကုန် လူစီးအမြန်ရထားဖြင့် ပြည်သူများနှင့်အတူ လိုက်ပါစီးနင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ဖော်ထုတ်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော် - ရန်ကုန် လူစီးအမြန်ရထားဖြင့် ပြည်သူများနှင့်အတူ လိုက်ပါစီးနင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ဖော်ထုတ်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး
နေပြည်တော် ဩဂုတ် ၂နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ လိုက်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း နေပြည်တော်မှ တောင်ငူမြို့သို့ ထွက်ခွာခဲ့ကြပြီး လမ်းဘေးဝဲယာတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လူနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းလျက်ရှိမှုထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တောင်ငူမြို့သို့ရောက်ရှိကြပြီး တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း၊ အရှေ့ဘက်ကျုံးနေရာရှိ ယိုးဒယားပေါက်နေရာ၊ အနောက်ဘက်မြို့ရိုးနေရာရှိ မြို့ရိုးတူးဖော်ထိန်းသိမ်းထားရှိမှုနှင့် ရေကျုံးနေရာနှင့် မြို့ရိုးအပြင်ပတ်လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် မင်းကြီးညို (အေဒီ ၁၄၈၅ - ၁၅၃၁) တည်ထောင်ခဲ့သည့် တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်း ရှေးဟောင်းမြို့ရိုးနှင့် ကျုံးတူးဖော်သုတေသနပြုလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့ဟောင်းအဝင် တံတားနေရာများနှင့် တံတားပုံစံများကိုလည်း ပြန်လည်ဆန်းစစ်ဖော်ထုတ်လေ့လာသွားရန်လိုပြီး တည်ဆောက်၍ ရနိုင်သည့်နေရာများတွင် တည်ဆောက်သွားရန်လိုကြောင်း၊ ပြောင်းရွှေ့ရန်လိုအပ်သည့် ဝန်ကြီးဌာနအဆောက်အဦများကို ပြောင်းရွှေ့သွားရန်လိုကြောင်း၊ သတ်မှတ်ထားသည့် ယဉ်ကျေးမှုအမွေအနှစ်နေရာများကို ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။တောင်ငူမြို့ရှောင်ရထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တောင်ငူဘူတာသို့ရောက်ရှိကြရာ ဘူတာရုံရှင်းလင်းဆောင်၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက တောင်ငူမြို့ရှောင် ရထားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရထားလမ်းအူကြောင်းနှင့် ရထားလမ်းဆိုင်ရာအချက်အလက်များ၊ တောင်ငူဘူတာရုံအသစ်တည်ဆောက်ရန် လျာထားဆောင်ရွက်ထားရှိမှု၊ ရထားလမ်းနှင့် ဘူတာအဝင်ကားလမ်းနယ်နိမိတ်သတ်မှတ်မှု၊ ဖို့မြေလုပ်ငန်းဆောင်ရွက်သွားမည့်အစီအမံများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရထားလမ်းနှင့်ဘူတာရုံအသစ် တည်ဆောက်ရာတွင် အစကောင်းမှ အနှောင်းသေချာဟူသည့်အတိုင်း ရေရှည်တည်တံ့ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းစဉ်အဆင့်အလိုက် အရည်အသွေးပြည့်မီအောင် တည်ဆောက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။နေပြည်တော် - ရန်ကုန် အမှတ် (၈) အစုန် DEMU လူစီးအမြန်ရထားခရီးစဉ်အတိုင်း ခရီးသွားပြည်သူများနှင့်အတူ လိုက်ပါစီးနင်းယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များသည် နေပြည်တော်မှ ထွက်ခွာလာသည့် နေပြည်တော် - ရန်ကုန် အမှတ် (၈) အစုန် DEMU လူစီးအမြန်ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသွားပြည်သူများနှင့်အတူ တောင်ငူဘူတာမှ ရန်ကုန်ဘူတာကြီးအထိ ရထားလမ်းပိုင်းတစ်လျှောက် လိုက်ပါစီးနင်းသည်။ထိုသို့လိုက်ပါစီးနင်းစဉ် ရထားလမ်းပိုင်းကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရထားတွဲဆိုင်းများအတွင်း ခရီးသွားများ လိုက်ပါစီးနင်းလျက်ရှိမှုအခြေအနေများ၊ ရထားဖြင့် သွားလာလျက်ရှိသည့် ခရီးသွားပြည်သူများ ရထားစီးနင်းရာတွင် စိတ်လက်ချမ်းသာစွာဖြင့် စီးနင်းလိုက်ပါနိုင်ရေး မြန်မာ့မီးရထားမှ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးထားမှုအခြေအနေများနှင့် ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်မည့်အခြေအနေများ၊ ရထားလမ်းဘေးဝဲယာရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မြို့ပြနှင့်ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ ရှင်းလင်းတင်ပြကြသည်။ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရထားလမ်းများ ကြံ့ခိုင်မှုရှိစေရေးနှင့် စနစ်တကျဖြစ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းဘေးဝဲ/ယာတစ်လျှောက် သန့်ရှင်းသာယာလှပပြီး ရေစီးရေလာ ကောင်းမွန်စေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းဘေးရှိ လယ်ယာမြေများကို စနစ်ကျနသည့် လယ်ယာမြေများ အဖြစ်ဖော်ထုတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘူတာယာဒ်ဝင်းနှင့် ဘူတာရုံများ စနစ်တကျဖြစ်စေရေးနှင့် သန့်ရှင်းသာယာမှုများရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းနယ်များအတွင်း စိမ်းလန်းစိုပြေသာယာပြီးမျက်စိပသာဒဖြစ်စေသည့် သစ်တောငယ်များကို စိုက်ပျိုးသွားရန်လိုကြောင်း၊ မီးရထားဖြင့် သွားလာလျက်ရှိသည့် မီးရထားစီးပြည်သူများ စိတ်လက်ချမ်းသာစွာဖြင့် စီးနင်းလိုက်ပါနိုင်ရေးနှင့် ပြည်တွင်း ပြည်ပခရီးသွားများအား ဆွဲဆောင်မှုရှိစေရေး၊ Public Transportation ဖြစ်သည့် ရထားပို့ဆောင်ရေးအပေါ် ပြည်သူများ အားထားမှု ပိုမိုမြင့်တက်လာစေရေး ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် ရထားခရီးစဉ်တွင်အတူ လိုက်ပါစီးနင်းလိုက်ပါလာသည့် ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးနှင့် ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များသည် ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိကြပြီး မီးရထားဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။အဆိုပါ DEMU လူစီးအမြန်ရထားတွဲအသစ်များကို ရန်ကုန် - နေပြည်တော်ရထားလမ်းပိုင်းတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှစ၍ ရန်ကုန် - နေပြည်တော်၊ နေပြည်တော် - ရန်ကုန်ရထားများ စတင်ပြေးဆွဲခဲ့ပြီး ပြေးဆွဲချိန် ၅ နာရီခွဲခန့် ကြာမြင့်ကြောင်း၊ ထိုသို့ DEMU လူစီးအမြန်ရထားတွဲအသစ်များ ပြေးဆွဲနိုင်ခဲ့သဖြင့် ရထားလမ်းပိုင်းတစ်လျှောက် ခရီးသွားပြည်သူများအနေဖြင့် မိမိတို့သွားလိုရာခရီးသို့ အချိန်တိုအတွင်း စိတ်အေးချမ်းသာစွာ၊ ဈေးနှုန်းသက်သာစွာဖြင့် စီးနင်းသွားလာလျက်ရှိကြောင်း သတင်းရရှိသည်။
Sat, 2-Aug-2025
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား စစ်ဆေး၊ တပ်နယ်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား စစ်ဆေး၊ တပ်နယ်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် ဩဂုတ် ၂နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်စစ်ဆေးပြီး တပ်နယ်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိကြရာ တိုင်းစစ်ဌာနချုပ်အစည်းအဝေးခန်းမ၌ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ အရာရှိ၊ စစ်သည်များ မိသားစုများ၏ သက်သာချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ရှင်းလင်းတင်ပြမှုများပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားရန်၊ သစ်တောသယံဇာတများ တရားမဝင်ထုတ်ယူမှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန်၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စနစ်တကျ ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ထိထိရောက်ရောက်နှင့် အကျိုးရှိအောင် ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အေးချမ်းဖြိုးခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုများ တက်ရောက်ကြသည်။ထိုသို့တွေ့ဆုံအမှာစကား ပြောကြားရာတွင် တပ်/ ဌာနချုပ်များအနေဖြင့် အချိန်အခါအလိုက် လုပ်သင့်လုပ်ထိုက်သည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေရန်လိုကြောင်း၊ တပ်မတော်သားများသည် မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်တာဝန် ထမ်းဆောင်ကြခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများဖြစ်သည်နှင့်အညီ တပ်မတော်မှပေးအပ်သည့် တာဝန်များကို စဉ်ဆက်မပြတ်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏လွတ်လပ်ရေးရရှိပြီးချိန်၌ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံ၏ အချုပ်အခြာအာဏာ ထိခိုက်လာမှုအပေါ် တပ်မတော်မှ ကျားကုတ်ကျားခဲ ကြိုးပမ်းကာကွယ်ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အလေးထားဆောင်ရွက်ခဲ့ကြောင်း။မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိခါစက ပါလီမန်စနစ်ကိုကျင့်သုံးခဲ့ပြီးနောက် ဆိုရှယ်လစ်စနစ် ဗဟိုဦးစီးစနစ်ကို ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပြီး စီးပွားရေးလုပ်ငန်းများတွင်လည်း ပုဂ္ဂလိကပိုင်းဆိုင်ရာများတွင် ကန့်သတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများတွင်လည်း ညီညွတ်မှုများ ပျက်ပြားလာခဲ့ကြောင်း၊ ပြည်ပနိုင်ငံများက အားပေးကူညီလုပ်ဆောင်ခဲ့သည့် မှောင်ခိုစီးပွားရေးများကြောင့်လည်း ပြည်တွင်းစီးပွားရေးကို ထိခိုက်ကျဆင်းစေခဲ့ပြီး တိုင်းပြည်၏ သယံဇာတများကိုလည်း ပြည်ပသို့ တရားမဝင်နည်းလမ်းများဖြင့် ထုတ်ယူသုံးစွဲမှုများ များပြားကြောင်း၊ အလားတူ ရာသီဥတုဖောက်ပြန်မှုများကြောင့်လည်း စားရေရိက္ခာများ ရှားပါးမှုပြဿနာများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန်မှစတင်၍ နိုင်ငံအတွင်း အခက်အခဲအကြပ်အတည်းများ ဖြစ်ပေါ်လာခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း။ထို့နောက် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး တပ်မတော်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ရေးဆွဲ၍ ပြည်သူ့ဆန္ဒခံယူပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို စတင်လျှောက်လှမ်းစေခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း။စီးပွားရေးနှင့်ပတ်သက်၍ ပြည်သူလူထုနှင့် တိုင်းပြည်ကို အကျိုးပြုသည့် ဈေးကွက်စီးပွားရေးစနစ်ဖြစ်ရန်လိုကြောင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းအတွက်မဟုတ်ဘဲ အများပြည်သူအတွက်အကျိုးရှိမည့် စီးပွားရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် ပိုမိုအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသားအရေးအရ သဘောထားကွဲလွဲမှုများ နည်းပါးစေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အားလုံးတစ်ပြေးညီဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီ၏ အနှစ်သာရကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ဆောင်ရွက်လျက်ရှိသည့်အဖွဲ့များအားလုံး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေး ၂၀၁၀ ပြည့်နှစ် ပထမဒီမိုကရေစီအစိုးရသက်တမ်းတွင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ သို့သော် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ပြင်ပမှ သွေးထိုးပေးမှုများကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ခြင်းမရှိကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် အားနည်းချက်များဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်မှ နိုင်ငံတာဝန်ယူခဲ့သည့်အချိန်တွင် ပညာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်မှုများရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပညာရေးပိုင်းဆိုင်ရာအားနည်းချက်များရှိခြင်း၊ နိုင်ငံအတွင်း ပညာတတ်များ ပေါများကြွယ်ဝပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ကို မလိုလားသူများ၏ သွေးထိုးလှုံ့ဆော်ခြင်းများကြောင့် နိုင်ငံတော်၌ ပညာရေးအားနည်းမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း၊ ပညာရည်မြင့်မားရေးနှင့်ပတ်သက်၍ အတန်းပညာရှိမှသာ အတတ်ပညာများ ပိုမိုတတ်မြောက်လာမည်ဖြစ်ပြီး မိမိတို့ဘဝတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏သားသမီးများ ပညာတတ်လူငယ်များဖြစ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူ ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာအတန်းအလိုက် တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းမှုမရှိစေရေးအတွက်လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံအတွင်း ပညာတတ်များ ပေါကြွယ်ဝမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး တွေးခေါ်မြော်မြင်မှုမြင့်မားသည့် ပညာတတ်လူငယ်များ ပိုမိုများပြားလာပါက နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။ဒီမိုကရေစီဒုတိယအစိုးရ NLD အစိုးရသက်တမ်းကာလတွင် တပ်မတော်ကို မုန်းတီးစေသည့် ရေးသားပြောဆိုမှုများ လှုံ့ဆော်မှုများကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ လုပ်ဆောင်ခဲ့ကြောင်း၊ အလားတူစီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကဏ္ဍအသီးသီးတွင် လုပ်ငန်းတာဝန်ဆောင်ရွက်မှုများ အောင်မြင်အောင်ဆောင်ရွက်နိုင်မှုမရှိခြင်းကြောင့် နိုင်ငံတော်မှာ အဘက်ဘက်က ဆုတ်ယုတ်ခဲ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများလုပ်ဆောင်ပြီး ၎င်းတို့ပါတီအာဏာရရှိရေး ဆောင်ရွက်ခဲ့ကြကြောင်း၊ အဆိုပါမဲမသမာမှုအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် မိမိတို့အနေဖြင့် အကြိမ်ကြိမ်အသိပေးအကြောင်းကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးမှုမရှိသည့်အတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို တာဝန်ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း။မိမိတို့အနေဖြင့် နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ စီးပွားရေးတို့တွင် တစ်ပြေးညီ တည်ငြိမ်တိုးတက်မှုရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ အိမ်နီးချင်းနိုင်ငံများဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးများကိုလည်း တည်ငြိမ်ကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံးအနေဖြင့် မိမိတို့နိုင်ငံ၏သမိုင်းကြောင်းများကို သိရှိအောင်လေ့လာပြီး မှန်မှန်ကန်ကန်ဖြင့် သုံးသပ်ဆောင်ရွက်၍ နိုင်ငံကောင်းအောင်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ တပ်မတော်သားများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သည့်တပ်များဖြစ်အောင် ပီပီပြင်ပြင်ဖြင့်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်ပိုင်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် ဆက်လက်ဆောင်ရွက်ပြီး အရာရှိ၊ စစ်သည်မိသားစုများ၏ သက်သာချောင်ချိရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါးများနှင့် ဥများကို ပြင်ပသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ခြင်းကြောင့် ဈေးကွက်တည်ငြိမ်မှုကို တတ်နိုင်သမျှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုလျက်ရှိသည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များအား ထိခိုက်ဒဏ်ရာရရှိခဲ့မှုအခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာမေးမြန်းပြီး အားပေးစကားပြောကြားကာ အရာရှိ၊စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဆေးရုံလိုအပ်ချက်များအား မေးမြန်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။အလားတူ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဇနီးသည်လည်း ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Sat, 2-Aug-2025

Information

  • Today Visitors: 195
  • Unique Visitor: 22424
  • Total Visitor: 158274

Event & Guidlines

Article
Forum & Discussion
Q&A

Contact

SAC Office, Naypyidaw
sacministry1234@gmail.com
067-3409722

Quick Link

Myanmar National Portal
Ministry of Information
Findings on the investigation of Electoral Frauds and Malpractices in 2020 Multi-party Democracy General Election

Monthly archive

  • August 2025 (128)
  • July 2025 (1317)
  • June 2025 (1386)
  • May 2025 (1019)
  • April 2025 (465)
Suggestion Box
Facebook Instagram Youtube
© Copyright 2024 SAC All Rights Reserved.