လီဂျေးမြောင်က မြောက်ကိုရီးယားနှင့်ဆက်ဆံရေး ပြန်တည်ဆောက်မည်ဟုဆို
တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နေသည့် လီဂျေးမြောင်က ၎င်းအနေဖြင့်သမ္မတအဖြစ် ရွေးကောက်ခံရပါက မြောက်ကိုရီးယား နိုင်ငံနှင့်ဆက်ဆံရေးကိုပြန်လည်တည်ဆောက်ကာ စစ်ဘက်ဆက်သွယ်ရေးလိုင်းများကိုလည်း ပြန်လည်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း မေလ ၂၆ ရက်တွင်ပြော သည်။
ထို့ပြင် ယခင်သမ္မတလက်ထက်တွင် အဆိုးဆုံးသောအခြေအနေသို့ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကိုလည်း ပြန်လည်တည့်မတ်သွားမည်ဖြစ် ကြောင်း ဇွန်လ ၃ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲ၌ အနိုင်ရနိုင်သူအဖြစ် ရေပန်းစားနေသည့် လီဂျေးမြောင်က လူမှုကွန်ရက်တွင်ရေးထားခြင်းဖြစ်သည်။ အလားတူ တစ်ဖက်တွင်လည်း အမေရိကန်နှင့်ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဆင့် သို့တိုးမြှင့်ကာ ဂျပန်နိုင်ငံနှင့်မပြေလည်သေးသည့်ပြဿနာများကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောထားသည် ဟုသိရသည်။
Ref: TST
Photo - Reuters
MM-News-Category