အိန္ဒိယက ကိုယ်ပိုင်ပဉ္စမ မျိုးဆက်တိုက်လေယာဉ်များ ထုတ်လုပ်ရန် ကြိုးပမ်းမှုများ စတင်

News Image

  • အိန္ဒိယက ကိုယ်ပိုင်ပဉ္စမ မျိုးဆက်တိုက်လေယာဉ်များ ထုတ်လုပ်ရန် ကြိုးပမ်းမှုများ စတင်

အိန္ဒိယကာကွယ်ရေးဝန်ကြီးက အဆင့်မြင့်အလတ်စား တိုက်လေယာဉ်စီမံကိန်းအတွက်   အကောင်အထည်ဖော်မည့်လေယာဉ်ပုံစံကို  အတည်ပြုလိုက်ခြင်းအားဖြင့် နိုင်ငံ၏ကိုယ်ပိုင်ပဉ္စမမျိုးဆက်တိုက်လေယာဉ်များ ထုတ်လုပ်ရန် ကြိုးပမ်းမှုများကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ ရည်မှန်းချက် မြင့်မားသော စီမံကိန်းတစ်ခု ဖြစ်ပြီး ထိုစီမံကိန်းမှနေ၍ လေတပ်နှင့် ရေတပ်တို့အတွက် ကိုယ်ပျောက်စွမ်းရည် ပါဝင်သည့် ဘက်စုံသုံးတိုက်လေယာဉ်ကို ထုတ်လုပ်သွားမည်ဖြစ်သည်။

ထိုစီမံကိန်းမှ  ထွက်ပေါ်လာမည့် လေယာဉ်သည် အင်ဂျင်နှစ်လုံးတပ်၊ တစ်ဦးမောင်း ရာသီမရွေးဘက်စုံသုံး ကိုယ်ပျောက်တိုက်လေယာဉ်ဖြစ်သည်။ ထို့ပြင် လေကြောင်းအရေးသာမှု၊ မြေပြင်တိုက်ခိုက်မှု၊ ရန်သူ့လေကြောင်းရန် ကာကွယ်ရေးစနစ်ကိုချိုးဖျက်မှုနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးဆင်နွှဲမှုတို့ အပါအဝင် စစ်ဆင်ရေးအမျိုးမျိုးအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုစီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၁၇၅ သန်း ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။

Source: Myawady Web Portal