တောင်ကိုရီးယားရဲတပ်ဖွဲ့က ကိုကင်း ၁ ဒသမ ၇ တန်ကို စံချိန်တင်သိမ်းဆည်းရမိ
တောင်ကိုရီးယားရဲတပ်ဖွဲ့သည်ကိုကင်း ၁ ဒသမ ၇ တန်ကို စံချိန်တင်သိမ်းဆည်းရမိကြောင်းနှင့် အဆိုပါကိုကင်းများနှင့်ပတ်သက်၍ သံသယတရားခံလေးဦးကို မူးယစ်ဆေးဝါးကုန်သွယ်မှုဖြင့် တရားစွဲဆိုထားကြောင်း တောင်ကိုရီးယား၏ အကောက်ခွန်ဌာနမှတာဝန်ရှိသူများက မေလ ၂၈ ရက်တွင်ပြောသည်။
ဧပြီလ ၂ ရက်တွင် တောင်ကိုရီးယား နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းရှိ ဂန်းနောင် ဆိပ်ကမ်း၌ဆိုက်ကပ်ထားသော တန်ချိန် ၃၂၀၀၀ ရှိကုန်တင်သင်္ဘောပေါ်မှ အဆိုပါမူးယစ်ဆေးဝါးများကိုသိမ်းဆည်းရမိခြင်းဖြစ်ကြောင်း အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သိမ်းဆည်းရမိသော ကိုကင်းပမာဏ သည် တောင်ကိုရီးယားနိုင်ငံ၏သမိုင်း တစ်လျှောက်တွင် နိုင်ငံသို့တင်ပို့ရန်ကြိုးစား သောမူးယစ်ဆေးဝါးများအနက် အများဆုံး ပမာဏဖြစ်ကြောင်း၊ ထိုကဲ့သို့မူးယစ် ဆေးဝါးများကိုသိမ်းဆည်းရမိမှုက နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးခြိမ်းခြောက်မှု မှလွတ်ကင်းနိုင်ခြင်းမရှိသည်ကိုဖော်ပြ နေကြောင်း သိရသည်။
Ref. Yonhap
Photo - The Korea Times
Source: Myawady Web Portal