ဂါဇာရှိထောက်ပံ့ရေးစင်တာ၌ ဝရုန်းသုန်းကားဖြစ်ပွား လူ ၄၇ ဦးဒဏ်ရာရ

News Image

  • ဂါဇာရှိထောက်ပံ့ရေးစင်တာ၌ ဝရုန်းသုန်းကားဖြစ်ပွား လူ ၄၇ ဦးဒဏ်ရာရ

ဂါဇာဒေသရှိ ထောက်ပံ့ရေးစင်တာ တစ်ခု၌ ဝရုန်းသုန်းကားဖြစ်ပွားနေစဉ် အတွင်း အစ္စရေးစစ်ဘက်၏ပစ်ခတ်မှုများကြောင့် အနည်းဆုံးလူ ၄၇ ဦးဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူအများစုမှာ သေနတ်ဒဏ်ရာများဖြင့်ဖြစ်ကြောင်း ကုလသမဂ္ဂမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးက မေလ ၂၈ ရက်တွင် ပြောသည်။ 
သို့သော် ထောက်ပံ့ရေးပစ္စည်းများကို ပေးဝေနေသောနေရာရှိ အရပ်သားများကိုပစ်မှတ်ထား၍ ပစ်ခတ်ခြင်းမျိုးမရှိကြောင်း အစ္စရေးစစ်ဘက်ကထုတ်ပြန်ထားသည်။

ဂါဇာဒေသရှိပြည်သူများစွာကို အငတ်ဘေးဆိုက်စေသည့် အစ္စရေး၏ဝိုင်းပတ်ပိတ်ဆို့မှုများကြားမှ သဘောတူညီချက်အရ ဝင်ရောက်ခွင့်ရရှိသော ထောက်ပံ့ရေးပစ္စည်းများပေးဝေရာနေရာသို့ ပါလက်စတိုင်းပြည်သူ ထောင်ပေါင်းများစွာရောက်ရှိလာခြင်းဖြစ်သည်။ လက်ရှိတွင်ယခုကဲ့သို့ဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
Ref: AGC

Photo- ABC 7 Chicago

Source: Myawady Daily Newspaper