ဗြိတိန်က ဆိုက်ဘာတိုက်ခိုက်မှုများကိုတုံ့ပြန်ရန် ချေမှုန်းရေးကွန်ရက်တည်ဆောက်မည်

News Image

  • ဗြိတိန်က ဆိုက်ဘာတိုက်ခိုက်မှုများကိုတုံ့ပြန်ရန် ချေမှုန်းရေးကွန်ရက်တည်ဆောက်မည်

ဗြိတိန်နိုင်ငံသည် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် ဆိုက်ဘာတိုက်ခိုက်မှုများကို တုံ့ပြန်နိုင်ရေးအတွက်ချေမှုန်းရေးကွန်ရက် ကိုတည်ဆောက်သွားမည်ဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလီက ပြောသည်။

အဆိုပါကွန်ရက်ကို AI နည်းပညာဖြင့် အဓိကပံ့ပိုးတည်ဆောက်သွားမည်ဖြစ်ပြီး ကုန်ကျစရိတ်အဖြစ် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံအသုံးပြုကာ ၂၀၂၇ ခုနှစ်အကုန် တွင် စတင်အသုံးပြုနိုင်ရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးကပြောသည်။

ထိုကွန်ရက်စနစ်တွင် ဆိုက်ဘာတိုက်ခိုက်မှုအတွက်ကိုသာမက မြေပြင်၊ ရေပြင်၊ ဝေဟင်နှင့်အာကာသနယ်ပယ်တစ်ဝန်း တွင်အချိန်နှင့်တစ်ပြေးညီ ပစ်မှတ်ရှာဖွေရေးလုပ်ငန်းဆောင်ရွက်မှုပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးကပြောထားသည်။

ထို့ပြင် အဆိုပါကွန်ရက်သည် ဂြိုဟ်တုများ၊ F-35 တိုက်လေယာဉ်များ၊ ဒရုန်း များနှင့် AI အသုံးပြုအာရုံခံကိရိယာများ နှင့်ချိတ်ဆက်ပြီး ဆုံးဖြတ်ချက်များချမှတ်ပေးမည်ဖြစ်သည်။
Ref: Sputnik

Photo -EUROMAIDAN