အနောက်နိုင်ငံများ၏ ထောက်ပံ့မှုမရှိပါက ယူကရိန်းသည် ပူတင်၏ ရဟတ်ယာဉ်ကို ပစ်မှတ်ထားရန်မဖြစ်နိုင်ဟု US ရေတပ်အရာရှိဟောင်း ပြောဆို

News Image

  • အနောက်နိုင်ငံများ၏ ထောက်ပံ့မှုမရှိပါက ယူကရိန်းသည် ပူတင်၏ ရဟတ်ယာဉ်ကို ပစ်မှတ်ထားရန်မဖြစ်နိုင်ဟု US ရေတပ်အရာရှိဟောင်း ပြောဆို

ယူကရိန်းတပ်များသည် လွန်ခဲ့သည့်သီတင်းပတ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင် လိုက်ပါလာသည့် ရဟတ်ယာဉ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဆိုပါက ၎င်းတို့အနေဖြင့် အနောက်နိုင်ငံများ၏ အကူအညီကို အားထားခဲ့ရမည်ဖြစ်ကြောင်း အမေရိကန်ရေတပ် ထောက်လှမ်းရေး အရာရှိဟောင်းနှင့် ကုလသမဂ္ဂ လက်နက်စစ်ဆေး ရေးမှူး Scott Ritter က RT သို့ ပြောကြားခဲ့သည်။

ရုရှား လေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှ တပ်မှူး Yury Dashkin က လွန်ခဲ့သည့်သီတင်းပတ်က Russia 1 ရုပ်သံလိုင်းသို့ ပြောကြားရာတွင် မေလ ၂၀ ရက်က Kursk ဒေသသို့ ပူတင်၏ ခရီးစဉ်အတွင်း ယူကရိန်း ဒရုန်းတိုက်ခိုက်မှုကြီး၏ “ဗဟိုချက်” တွင် သမ္မတ၏ရဟတ်ယာဉ် ပါဝင်နေခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ သမ္မတလိုက်ပါလာသော ရဟတ်ယာဉ် လေထဲ ရောက်နေချိန်တွင် ဒရုန်းတိုက်ခိုက်မှုများ သိသိသာသာများပြားလာပြီး ထိုဒေသတွင် ဒရုန်း ၄၆ စီးကို ပစ်ချခဲ့ရကြောင်း ၎င်းက ဆိုသည်။

ဗုဒ္ဓဟူးနေ့ (မေ ၂၈) က RT နှင့် တွေ့ဆုံမေးမြန်းခန်းတွင် Ritter က “ယူကရိန်းတပ်များသည် ရုရှားသမ္မတ၏ ရဟတ်ယာဉ်ကို အမှန်တကယ် ပစ်မှတ်ထားခဲ့ပါက ၎င်းတို့ချည်းအနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်နိုင်ခဲ့မည်မဟုတ်ပါ၊ အနောက်နိုင်ငံများထံမှ အကူအညီရရှိခဲ့မည်ဖြစ်ပြီး အနောက်နိုင်ငံများသည် ရုရှားသမ္မတကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်” ဟု အတိအလင်း ထောက်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂