ဒေါ်နယ်ထရမ့်၏ ဒုံးကျည် အကာအကွယ်အစီအစဉ်က အာကာသတွင်း နျူကလီးယားစစ်ပွဲကို ပေါ်ပေါက်လာစေနိုင်သည်ဟု မြောက်ကိုရီးယား ဝေဖန်

News Image

  • ဒေါ်နယ်ထရမ့်၏ ဒုံးကျည် အကာအကွယ်အစီအစဉ်က အာကာသတွင်း နျူကလီးယားစစ်ပွဲကို ပေါ်ပေါက်လာစေနိုင်သည်ဟု မြောက်ကိုရီးယား ဝေဖန်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ “Golden Dome” ရွှေကွန်ချာ ဒုံးကျည်အကာအကွယ်အစီအစဉ်သည် အာကာသတွင်း နျူကလီးယား စစ်ပွဲကို ပေါ်ပေါက်လာစေမည့် အန္တရာယ်များသည့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြောက်ကိုရီးယားအစိုးရက ပြစ်တင်ရှုတ်ချခဲ့ကြောင်း သိရပါသည်။

ဒုံးကျည်အကာအကွယ်အစီအစဉ်အတွက် အသေးစိတ်အချက်အလက်များနှင့် ကနဦးရန်ပုံငွေအသစ်ကို ဒေါ်နယ်ထရမ့်က လွန်ခဲ့သော သီတင်းပတ်၌ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်သည် အမေရိကန် နိုင်ငံ၏အောင်မြင်မှုနှင့် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အလွန် အရေးကြီးသည်ဟု ပြောကြားခဲ့ပါသည်။ အဆိုပါအစီအစဉ်သည် သိသာ ထင်ရှားသည့် နည်းပညာနှင့် နိုင်ငံရေးစိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး ကြီးမားသည့် ကုန်ကျမှုများ ရှိလာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့ ပါသည်။ 

ဒေါ်နယ်ထရမ့်၏ အစီအစဉ်ကို နျူကလီးယားလက်နက်ပိုင်နိုင်ငံများ၏ မဟာဗျူဟာမြောက်လုံခြုံရေးကို ခြိမ်းခြောက်ရန် ရည်ရွယ်ထားသော အန္တရာယ်များသည့် အစီအစဉ်တစ်ခုအဖြစ် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရပါသည်။

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက “ဒုံးကျည်ကာကွယ်ရေးစနစ်သစ်ကို တည်ဆောက်ရန် အမေရိကန်၏ အစီအစဉ်သည် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားစစ်ပွဲနှင့် အာကာသလက်နက်ပြိုင်ဆိုင်မှုကို ဖြစ်ပေါ် လာစေနိုင်သည့် မူလဇစ်မြစ်တစ်ခုပင်ဖြစ်ပါသည်” ဟု ပြောဆိုခဲ့ပါသည်။

ကိုးကား- NP News