အာရှဖလား ခြေစစ်ပွဲအတွက် လက်ရွေးစင်အသင်းနှင့် လေ့ကျင့်မှု ပြန်လည်စတင်နေပြီဖြစ်သည့် မောင်မောင်လွင်

News Image

  • အာရှဖလား ခြေစစ်ပွဲအတွက် လက်ရွေးစင်အသင်းနှင့် လေ့ကျင့်မှု ပြန်လည်စတင်နေပြီဖြစ်သည့် မောင်မောင်လွင်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် AFC Asian Cup ပ‌ထမအကျော့ခြေစစ်ပွဲစဉ်အတွက် ပဏာမ မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ လေ့ကျင့်ပြင်ဆင်နေခြင်း ဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် အသင်းအား ပြည်ပကလပ်အသင်းများတွင် သွားရောက်ကစားနေသည့် လွင်မိုးအောင်၊ မောင်မောင်လွင်၊ သန်းပိုင်၊ ကျော်မင်းဦး၊ မြတ်ကောင်းခန့်၊ ရဲရင့်အောင်၊ အောင်ကောင်းမာန်၊ပြည်မိုး အပါအဝင် အခြားလက်ရွေးစင်ကစားသမားများနှင့် ပြည်တွင်း ကလပ်များမှခေါ်ယူထားသည့် ကစားသမား စုစုပေါင်း(၃၁)ဦးဖြင့် ဖွဲ့ စည်းထားသည်။

AFC Asian Cup မြန်မာ-ပါကစ္စတန် ခြေစစ်ပွဲ ပထမအကျော့ပွဲစဉ်အား လာမည့် ဇွန်လ (၁၀)ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်သွားကြမည် ဖြစ်သည်။

မြန်မာ-ပါကစ္စတန် ခြေစစ်ပွဲ ဒုတိယအကျော့ကိုမူ ပါကစ္စတန်နိုင်ငံ၌ အဝေးကွင်း‌အနေဖြင့် သွားရောက်ယှဉ်ပြိုင် ကစားသွားကြရမည် ဖြစ်သည်။

Source: Popular Myanmar