ယူကရိန်းပဋိပက္ခတွင် ရုရှားနိုင်ငံအားအနိုင်တိုက်ခိုက်နိုင်ရေးမှာ ဖြစ်နိုင်သည့် ကိစ္စရပ်မဟုတ်ဟု ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးပြော

News Image

  • ယူကရိန်းပဋိပက္ခတွင် ရုရှားနိုင်ငံအားအနိုင်တိုက်ခိုက်နိုင်ရေးမှာ ဖြစ်နိုင်သည့် ကိစ္စရပ်မဟုတ်ဟု ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးပြော

ဘာလင်၊ စစ်ရေး

ယူကရိန်းပဋိပက္ခတွင် ရုရှားနိုင်ငံအား အနိုင်တိုက်ခိုက်နိုင်ရေးမှာ ဖြစ်နိုင်သည့် ကိစ္စရပ်မဟုတ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန်ဝေ့ဖူကပြောကြားသည်။

ရုရှားနိုင်ငံအား အနိုင်တိုက်ခိုက်နိုင်မည်မဟုတ်ကြောင်းကို   ယူကရိန်းပဋိပက္ခ စတင်ချိန်မှစ၍ ရှင်းလင်းစွာတွေ့မြင်နိုင်ကြောင်း ဂျိုဟန်ဝေ့ဖူက SZ သတင်းစာသို့ ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းက ပြောကြားခြင်းဖြစ်သည်။

ထို့ကြောင့်  ရုရှားနှင့်ယူကရိန်းနိုင်ငံတို့ကြားဖြစ်ပွားနေသည့် ပဋိပက္ခကို သံတမန်နည်းလမ်းအရသာ  ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း  ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင်  ယူကရိန်းအစိုးရအနေဖြင့် ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးရာတွင် လွယ်ကူစွာအလျှော့ပေးခြင်းမရှိဘဲ တင်းခံထားရန် ၎င်းကတိုက်တွန်းထားသည်။

ဂျာမနီနိုင်ငံသည် ဝန်ကြီးချုပ် ဖရီးဒရစ်မာ့တက်ရောက်လာချိန်မှစ၍ ရုရှားနိုင်ငံအပေါ် ပြင်းထန်သည့် သဘောထားကိုပြသခဲ့ပြီး ယူကရိန်းနိုင်ငံသို့ စစ်ရေးအကူအညီအဖြစ် ယူရို ၅ ဒသမ၂ ဘီလီယံ (ဒေါ်လာ ၅ ဒသမ၆ ဘီလီယံ) ပေးအပ်မည်ဟု ကတိပြုထားသည်။ ထို့ပြင် ဂျာမနီအစိုးရအနေဖြင့် ယူကရိန်းနိုင်ငံသို့ ၎င်းတို့၏ တာဝေးပစ်လက်နက်စနစ်ထုတ်လုပ်ခြင်းကို ယူကရိန်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းရန်စီစဉ်ထားကြောင်းသိရသည်။

Ref: RT

Source: Myawady Web Portal