နှစ်နိုင်ငံနယ်စပ်တွင် အပစ်အခတ်လေ့ကျင့်မှု ပြုလုပ်မှုအပေါ် ရုရှားက ဂျပန်အားကန့်ကွက်
နှစ်နိုင်ငံနယ်စပ်တွင် အပစ်အခတ်လေ့ကျင့်မှုပြုလုပ်မှုအပေါ် ရုရှားနိုင်ငံက ဂျပန် နိုင်ငံအား ကန့်ကွက်ခဲ့ကြောင်းသိရသည်။
ဂျပန်နိုင်ငံသည် ဟော့ကိုင်းဒိုးကျွန်းပေါ်ရှိ ရုရှားနိုင်ငံ၏ နယ်စပ်အနီး ပင်လယ်ပြင် အတွင်း ပစ်ခတ်မှုလေ့ကျင့်ခဲ့မှုကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာန၏ပြန်ကြားရေးအဖွဲ့က ဇွန်လ ၄ ရက်တွင် ထုတ်ပြန်သည်။
ရုရှားနိုင်ငံနယ်စပ်အနီးတွင် ထိုသို့လုပ်ဆောင်ခြင်းသည် မဆင်မခြင်လုပ်ဆောင်ရာ ရောက်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ပစ်ခတ်မှု လေ့ကျင့်ခြင်းသည် အရပ်ဘက်ရေကြောင်းသွားလာမှုအပေါ်အန္တရာယ်ကျရောက်စေ နိုင်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းကို လက်သင့်မခံနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
Ref: Ivz
MM-News-Category