ယူကရိန်းက ဇွန် ၁ ရက်နေ့တွင် ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးတွင် ရုရှားလေယာဉ် ၁၃ စီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆို

News Image

  • ယူကရိန်းက ဇွန် ၁ ရက်နေ့တွင် ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးတွင် ရုရှားလေယာဉ် ၁၃ စီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆို

ယူကရိန်းအရာရှိများက ဇွန် ၁ ရက်က ရုရှား၏ မဟာဗျူဟာမြောက် အခြေစိုက်စခန်းများကို စီးနင်းတိုက်ခိုက်မှုတွင် လေယာဉ် ၁၃ စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ အစောပိုင်းတွင်ဖော်ပြခဲ့သကဲ့သို့ ၄၀ စင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ သတင်းမှားများ တိုက်ဖျက်ရေးစင်တာ၏ ဒါရိုက်တာ Andriy Kovalenko က ဇွန် ၂ တွင် ပြောကြားရာ၌ ရုရှား၏ နည်းဗျူဟာမြောက် လေကြောင်း အခြေစိုက် စခန်းများကို ပေါင်းစပ်ညှိနှိုင်းတိုက်ခိုက်မှုဖြင့် “လေယာဉ် ၁၃ စင်း ဖျက်ဆီး နိုင်ခဲ့ပြီး အခြားများစွာကို ပျက်စီးစေခဲ့သည်” ဟု ဆိုသည်။

အဆိုပါအရေအတွက်မှာ ကိယက်ဗ်မှ အစောပိုင်းတွင် ပြသခဲ့သော စာရင်းများထက် သိသိသာသာ နည်းပါးသည်။ အစောပိုင်းတွင် SBU အရာရှိများက Tu-95MS နှင့် Tu-22M3 ဗုံးကြဲလေယာဉ်များ၊ A-50 စောင့်ကြည့် လေယာဉ်များကဲ့သို့သော မော်စကို၏ မဟာဗျူဟာမြောက်လေယာဉ် ၄၀ စင်း ကို ဖျက်ဆီးနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလီယံမှ ၇ ဘီလီယံ အထိ ပျက်စီးဆုံးရှုံးမှုဖြစ်စေခဲ့သည်ဟု ဆိုခဲ့သည်။

ဒါရိုက်တာ Kovalenko က ပျက်စီးခဲ့သော လေယာဉ်အရေအတွက် သို့မဟုတ် တိုက်ခိုက်မှုတွင် ဖျက်ဆီးခံခဲ့ရသည့် လေယာဉ် အမျိုးအစားများကို အတိအကျ ဖော်ပြခဲ့ခြင်းမရှိပေ။ “အချက်အလက်အသစ်များကို ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) မှ နောက်ပိုင်းတွင် ထုတ်ပြန် ပြောကြားပါမည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂