ဗြိတိန်က နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောရေယာဉ်စုကို တိုးချဲ့သွားမည်

News Image

  • ဗြိတိန်က နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောရေယာဉ်စုကို တိုးချဲ့သွားမည်

ဗြိတိန်နိုင်ငံသည် နျူကလီးယားစွမ်း အင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောရေ ယာဉ်စုကို တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ ထိုသို့တိုးချဲ့ရခြင်းသည် ကာကွယ်ရေး ဆိုင်ရာသုံးသပ်ချက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်းနှင့် နိုင်ငံအနေဖြင့်ခေတ်သစ် စစ်ပွဲကိုဆင်နွှဲနိုင်ရေးအတွက် အသင့်ပြင် ဆင်ခြင်းဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာကပြောသည်။

ဥရောပတိုက်အနေဖြင့် ကိုယ့်လုံခြုံရေးအတွက်ကိုယ်တိုင် တာဝန်ပိုယူရန် လိုအပ်ကြောင်း အမေရိကန်သမ္မတဒေါ် နယ်ထရမ့်ကပြောပြီးနောက် ဗြိတိန်အစိုး ရအနေဖြင့် ဥရောပဒေသရှိ အခြားနိုင်ငံ များမှအစိုးရများကဲ့သို့ပင် ၎င်းတို့၏ ကာကွယ်ရေးစွမ်းရည်ကို အဆင့်မြှင့်တင် ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ ယခုထုတ် ပြန်သည့် မဟာဗျူဟာမြောက်ကာကွယ် ရေးဆိုင်ရာသုံးသပ်ချက်တွင် ဗြိတိန် တပ်မတော်အနေဖြင့် တိုက်ပွဲဝင်အသင့်ရှိစေရေးဆောင်ရွက်သွားရန် တိုက်တွန်းချက် ပါဝင်ကြောင်းသိရသည်။

Ref: RTA

Photo- Reuters