ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ ငွေကျပ် သိန်း ၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
04 June 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘွတ်ကြီးကျေးရွာအုပ်စု၊ ဘွတ်ကြီးကျေးရွာ၊ ရဲစု(မြောက်ပိုင်း)၊ အောင်မင်္ဂလာလမ်းအတိုင်း လမ်းလျှောက်လာသူ ဝင်းကျော်စိုး(၂၅)နှစ် စစ်ဆေးရှာဖွေခဲ့ရာ ၎င်းလွယ်ထားသည့် လွတ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ပြား(တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၈၀) ဖမ်းဆီးရမိသဖြင့် ဝင်းကျော်စိုး အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
MOHA
MM-News-Category