ပင်လယ်ကြမ်းပြင်အောက် ပေပေါင်း ၃၆၀၀၀ အထိကို တူးနိုင်မယ့် တရုတ်ရဲ့ မန်းရှန်

News Image

  • ပင်လယ်ကြမ်းပြင်အောက် ပေပေါင်း ၃၆၀၀၀ အထိကို တူးနိုင်မယ့် တရုတ်ရဲ့ မန်းရှန်

တရုတ်နိုင်ငံမှ မကြာသေးမီက စတင် အသုံးပြုလိုက်တဲ့ မန်းရှန်ဆိုတဲ့ရေယာဉ် တစ်မျိုးက သမုဒ္ဒရာရေပြင်အနက်ပိုင်းမှာ တူးဖော်မှုတွေ လုပ်ဆောင်မယ့် ရေယာဉ် ဖြစ်ပါတယ်။ အခုဆိုရင် မန်းရှန်ကအရင်တုန်းက လူသားတွေ တူးဖော်မှုမလုပ်ခဲ့ဖူးတဲ့နေရာတွေမှာ တူးဖော်လေ့လာမှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

မန်းရှန်ရဲ့အဓိက ရည်ရွယ်ချက်က ကမ္ဘာ့အပေါ်ယံ ကျောက်ချပ်လွှာနဲ့ ကမ္ဘာ့အလယ်လွှာတို့ကြားကို တူးဖော်မှုတွေ လုပ်ဆောင်နိုင်ဖို့ဖြစ်ပါတယ်။ ဒီလိုမျိုးတူးဖော်မှုကနေ မှတစ်ဆင့် ကမ္ဘာ့အလယ်လွှာမှာရှိတဲ့ နမူနာတွေကို ရယူခြင်းအားဖြင့် သုတေသနပညာရှင်တွေအတွက် ကမ္ဘာကြီးရဲ့ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ဆင့်ကဲပြောင်းလဲမှုတို့ ကို အသေးစိတ်လေ့လာနိုင်စေဖို့ ကူညီပေးနိုင်မှာဖြစ်ပါတယ်။

မန်းရှန်ရေယာဉ်ကိုတည်ဆောက်မှုက အမေရိကန်ဒေါ်လာသန်း ၄၇၀ ကုန်ကျခဲ့ပေမယ့်လည်း သူ့မှာပိုင်ဆိုင်ထားတဲ့ အရာတွေက တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ တူးဖော်မှု စွမ်းဆောင်ရည်ပိုင်းမှာတော့ ထိပ်တန်းအဆင့်ကို ရောက်ရှိစေပါတယ်။ သူ့ရဲ့တန်ချိန်က ၃၃၀၀၀ ရှိပြီး အကျယ်က ၃၂ ဒသမ ၈ မီတာရှိပါတယ်။ သူသွားလာနိုင်တဲ့ရေမိုင် ပမာဏက ၁၅၀၀၀ ရှိကာ ရက်ပေါင်း ၁၂၀ ကြာအောင် လုပ်ငန်းများကို အလိုအလျောက် လုပ်ဆောင်နိုင်စွမ်းရှိတဲ့အတွက် ဝေးလံခေါင်ဖျား သမုဒ္ဒရာအတွင်းမှာ သူ့ရဲ့ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်စေမှာပါ။

မန်းရှန်ဆီမှာရှိတဲ့ အထင်ရှားဆုံးသော စွမ်းဆောင်ရည်တစ်ခုက အနက်ပေပေါင်း ၃၆၀၀၀ အထိကို တူးဖော်နိုင်စွမ်းရှိတာပါပဲ။ ဒီစွမ်းဆောင်ရည်က ယခင်ရှိဖူးသမျှ သောတူးဖော်ရေးယာဉ်များထက် ပိုမိုမြင့်မားတာကို တွေ့ရပါတယ်။ အရင်တုန်းက အနက်ဆုံး တူးနိုင်တာဆိုလို့ ပေ ၃၂၈၀၀ အထိပဲရှိပါတယ်။

အခုလိုမျိုး အဆင့်မြင့်မားတဲ့ တူးဖော်ရေးကိရိယာကိုရရှိစေဖို့အတွက် တီထွင်သူများက နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ခေတ်မီနည်းပညာများ အသုံးပြုပြီးကျော်ဖြတ်နိုင်ခဲ့တာပါ။ သူ့မှာအသုံးပြုထားတဲ့ကိရိယာများအနက်  အထင်ရှားဆုံးကိုပြရရင် အထူးပြုလုပ်ထားတဲ့ တိုက်တေနီယံသတ္တုစပ် ပိုက်လုံးနဲ့ စိန်သွားတို့ပဲ ဖြစ်ပါတယ်။

MWD Web Portal