ကမ္ဘာမြေပြင်ကို အပြည့်ခင်းနိုင်မယ့်ရွှေများ ကမ္ဘာ့အူတိုင်မှာ တည်ရှိနေ
ကမ္ဘာပေါ်မှာ လက်ရှိအသုံးပြုနေတဲ့ ရွှေများနဲ့ တခြားအဖိုးတန်သတ္တုပစ္စည်းများက ကမ္ဘာ့မြေမျက်နှာပြင်အောက် ကီလိုမီတာ ၃၀၀၀ ကျော်မှာ ပိတ်မိနေတာပါ။ ဒါကြောင့် ကမ္ဘာပေါ်ရှိမြေပြင်မှန်သမျှကို အမြင့် ၁ ပေခွဲကျော်အထိ အပြည့်ခင်းနိုင်စေမယ့်ရွှေများက ကမ္ဘာ့အူတိုင်မှာ တည်ရှိနေနိုင်ဖွယ်ရှိတယ်လို့ သုတေသနပညာရှင်များက ခန့်မှန်းထားပါတယ်။ ဒီလိုမျိုးအဖိုးတန်လှတဲ့ သတ္တုပစ္စည်းများက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ ဒသမ ၅ ဘီလီယံခန့်တုန်းက ဒီကမ္ဘာဂြိုဟ်ကြီး စတင်ဖြစ်တည်လာစဉ်ကတည်းက ပိတ်မိနေခဲ့တာဖြစ်တယ်လို့လည်း ပညာရှင်များကပြောပါတယ်။
ဂေါ့တင်ဂျန်တက္ကသိုလ်မှ သုတေသနပညာရှင်များက ဟာဝိုင်ယီရှိမီးတောင်မှနေ ထွက်ပေါ်လာတဲ့ မီးသင့်ကျောက်များ ကိုခွဲခြမ်းစိတ်ဖြာ လေ့လာရာမှ ဒီအချက် ကိုခန့်မှန်းနိုင်ခဲ့ကြတာပါ။ ပညာရှင်များရဲ့ ယူဆချက်တစ်ခုကို ပြောရရင် ကမ္ဘာကြီးရဲ့ အလယ်အူတိုင်မှာ ရွှေတွေများစွာရှိနေပြီး အဲဒီရွှေတွေက မီးတောင်လှုပ်ရှားမှုနဲ့အတူ ကမ္ဘာ့အပေါ်ယံလွှာဆီ တက်လာတာဖြစ်တယ်လို့ ဆိုထားတာဖြစ်ပါတယ်။
သုတေသနပညာရှင်များက ဟာဝိုင်ယီ မီးတောင်ကနေထွက်ရှိတဲ့ ကျောက်မှာ ပါဝင်တဲ့ အိုင်ဆိုတုပ်များနဲ့ တခြားကျောက်များမှ အိုင်ဆိုတုပ်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့တာ ဖြစ်ပါတယ်။
MWD Web Portal