ရုရှားနှင့်ယူကရိန်းတို့က အသက် ၂၅ နှစ်အောက် အကျဉ်းသားများကို အပြန်အလှန် လဲလှယ်

News Image

  • ရုရှားနှင့်ယူကရိန်းတို့က အသက် ၂၅ နှစ်အောက် အကျဉ်းသားများကို အပြန်အလှန် လဲလှယ်

ရုရှားနှင့်ယူကရိန်းနိုင်ငံတို့သည် မကြာသေးမီက ရရှိခဲ့သည့် သဘောတူညီချက် ၏ တစ်စိတ်တစ်ပိုင်းအရ ဇွန်လ ၉ ရက် တွင် အသက် ၂၅ နှစ်အောက်ရှိ အကျဉ်းသားများကို  အပြန်အလှန် လဲလှယ်မှုလုပ်ကြောင်း သိရသည်။

ထိုလဲလှယ်မှုတွင် ယူကရိန်းဘက်က ထိန်းချုပ်ထားသော နယ်မြေများမှ ရုရှား စစ်သည် ပထမအသုတ်သည် ဘယ်လာရုစ်နိုင်ငံသို့ပြန်ရောက်လာပြီဖြစ်ပြီး အသက် ၂၅ နှစ်အောက်ရှိ ယူကရိန်း တပ်မတော်သားများကိုလည်း ပြန်လည်စေလွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရုရှားနှင့်ယူကရိန်းတို့သည် ပြီးခဲ့သည့် သီတင်းပတ်တွင် အစ္စတန်ဘူမြို့၌ ဆောင်ရွက်သော မျက်နှာချင်းဆိုင် ဆွေးနွေးမှုတွင်  ဒဏ်ရာပြင်းထန်စွာ ရရှိထားသူများ၊ ကျန်းမာရေး မကောင်းသူများ၊ အသက်၂၅ နှစ်အောက် ရှိသူများကို  လဲလှယ်ရန် သဘောတူခဲ့ကြောင်း သိရသည်။

MWD Web Portal