မက် (Musk) က Trump-Epstein အကြောင်းရေးသားထားသည့် ပို့စ်ကို ပယ်ဖျက်

News Image

  • မက် (Musk) က Trump-Epstein အကြောင်းရေးသားထားသည့် ပို့စ်ကို ပယ်ဖျက်

အီလွန်မက် က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမည်သည် ဂျက်ဖရီ အပ်စတိန်း (Jeffrey Epstein) ခေါင်းစဉ်ဖြင့် လျှို့ဝှက်စွာသိမ်းဆည်းထားသော ဖိုင်များတွင် ပါဝင်နေကြောင်း ဆိုသည့် X ပို့စ် တစ်ခုကို ဖျက်လိုက်ပြီး ထိုဖိုင်များကို အများပြည်သူသို့ ထုတ်ဖော် မပြသရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်ကြောင်း အရိပ်အမြွက် ဖော်ပြခဲ့သည်။

ကြာသပတေးနေ့ (ဇွန် ၅) တွင် “အကြီးစား ဗုံးကြဲဖို့ အချိန်ရောက်ပြီ - ဒေါ်နယ်ထရမ့် က Epstein ဖိုင်တွေထဲမှာ ပါနေတယ်၊ ဒါကြောင့် ဒီဖိုင်တွေကို အများပြည်သူသိအောင် မဖော်ပြရတာ၊ ကောင်းသောနေ့ ဖြစ်ပါစေ DJT! ဒီပို့စ်ကို အနာဂတ်အတွက် မှတ်သားထားပါ၊ အမှန်တရား ထွက်ပေါ်လာမယ်” ဟု မက်စ်က ရေးသားခဲ့သည်။

ထို့အပြင် ၎င်း၏ X အကောင့်တွင် ရေးသားဖော်ပြမှုတစ်ခု၌ မက်က “ထရမ့်ကို စွပ်စွဲအပြစ်တင်မှု (impeachment) လုပ်သင့်တယ်” ဟု ဆိုသည့် စာတိုကို “ဟုတ်တယ်” ဟု ပြန်လည်ဖြေကြားခဲ့ပြီး ဒုတိယ သမ္မတ JD Vance အား “၎င်း၏နေရာကို အစားထိုးသင့်တယ်” ဟု ထည့်သွင်းရေးသားခဲ့ပြီး ယင်းပို့စ်ကိုလည်း ပယ်ဖျက်ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မက်က ယခုအချိန်အထိ မှတ်ချက် မပြုသေးပေ။

အဆိုပါပို့စ်နှစ်ခုသည် ထရမ့် နှင့် မက် အကြား အများပြည်သူရှေ့မှောက် အချေအတင်ဖြစ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲကာလအတွင်း Tesla နှင့် SpaceX ၏ CEO ဖြစ်သူ မက် သည် ထရမ့် ထောက်ခံသည့် နိုင်ငံရေးအဖွဲ့တစ်ခုကို ငွေကြေးထောက်ပံ့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် လှူဒါန်းခဲ့ကာ ဇန်နဝါရီလ တွင် အစိုးရ၏ (DOGE) ဌာန ဦးဆောင်သူအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ သို့သော် မက်သည် သက်တမ်းကုန်ဆုံးချိန်တွင် ထိုရာထူးမှ အနားယူ ခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂