ဟွားဝေနည်းပညာ သုံးမယ့် Xpeng

News Image

  • ဟွားဝေနည်းပညာ သုံးမယ့် Xpeng

Xpeng ဆိုတာ တရုတ်နိုင်ငံရဲ့ လျှပ်စစ် ကားဈေးကွက်မှာ လွှမ်းမိုးမှုရှိတဲ့နာမည် တစ်ခုပါ။ အခုသူတို့က နောက်ထုတ်လုပ်မယ့် လျှပ်စစ်ကားတွေမှာ ကားအတွင်း အချက်အလက်ပြသမှုစနစ်ကို ဟွားဝေရဲ့ နည်းပညာ အသုံးပြုသွားမယ်လို့ ကြေညာ လိုက်ပါပြီ။

Xpeng ကုမ္ပဏီက လူမှုကွန်ရက်တစ်ခုမှာ တင်ထားတဲ့ဓာတ်ပုံအရ ဆိုရင် သူတို့ရဲ့နောက်လာမယ့် လျှပ်စစ်ကားအမျိုးအစားတွေမှာ HUD လို့ခေါ်တဲ့ မျက်နှာတူရူတည့်တည့်မှာ ကားရဲ့အချက်အလက်များ ကိုဖော်ပြပေးနေမယ့်စနစ် ပါဝင်နေတာကို တွေ့ရပါတယ်။ ဒီစနစ်က ဟွားဝေကုမ္ပဏီ ရဲ့စနစ်ပါ။

ဒီစနစ်မှာ မောင်းနှင်နေတဲ့ မော်တော်ယာဉ်တစ်စီးအတွက် ဖော်ပြဖို့လိုအပ်တဲ့ အလိုအပ်ဆုံးသော အချက်အလက်တွေကို ယာဉ်မောင်းက   သာမန်လိုမျိုးခေါင်းကို ငုံ့ကြည့်စရာမလိုဘဲ ရှေ့လေကာမှန်မှာတင် မြင်ရအောင် ဖော်ပြပေးမယ့်စနစ် ပါဝင်နေ ပါတယ်။

Xpeng နဲ့ဟွားဝေတို့ဆိုတာ အဆင့်မြင့် နည်းပညာများကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီ များဖြစ်ပါတယ်။ ဟွားဝေကုမ္ပဏီဆိုရင် သူကိုယ်တိုင်လည်း လျှပ်စစ်ကားတွေကို ထုတ်လုပ်သလို သူ့ရဲ့နည်းပညာကိုအခြား ကားတွေမှာ အသုံးပြုနိုင်အောင် ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့အတူ နည်းပညာကဏ္ဍ ကိုလွှမ်းမိုးနိုင်အောင် ကြိုးပမ်းလာနေတာ တွေ့ရပါတယ်။    

နည်းပညာသတင်း

MWD Web Portal