တတိယမျိုးဆက် လျှပ်စစ်ကား Leaf ကို အမြည်းပြသလိုက်တဲ့ နစ်ဆန်း
နစ်ဆန်းကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Leaf ဆိုတဲ့ လျှပ်စစ်ကားက တစ်ချိန်တုန်းက လျှပ်စစ်ကား လောကကို ဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ အခုဆိုရင် နစ်ဆန်းက သူတို့ရဲ့တတိယမြောက်မျိုးဆက်ဖြစ်တဲ့ Leaf လျှပ်စစ်ကားတစ်မျိုးကို အမြည်းပြသလိုက်ပါပြီ။ သူနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်များကိုတော့ ဒီလကုန် ပိုင်းမှာထုတ်ဖော်ပြသသွားဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။
Leaf ကို ၂၀၁၀ ပြည့်နှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိကမ္ဘာတစ်ဝန်းမှာ ခုနစ်သိန်းနီးပါးနဲ့ သွားထားတဲ့ ကီလိုမီတာ ပေါင်း ၂၈ ဘီလီယံအထိရှိလာချိန်မှာ အခု တတိယမျိုးဆက် Leaf ကိုထုတ်လုပ်လာတဲ့အတွက် ဘယ်လိုခေတ်ရှေ့ပြေးမှုတွေများ ပါဝင်နေမလဲလို့ အများကလည်းစိတ် ဝင်စားနေကြပါတယ်။
အမြည်းသဘော ထုတ်ဖော်ပြသမှုမှာတော့ လေခွင်းအားကောင်းစေဖို့အတွက် ကားရဲ့ဒီဇိုင်းပိုင်းမှာ အပြောင်းအလဲများစွာ လုပ်ထားတာတွေ့ရပါတယ်။ ဘာကြောင့် လဲဆိုရင် လေခွင်းအားကောင်းတာနဲ့အမျှ စွမ်းအင်သုံးစွဲမှုလည်း လျော့နည်းမည့်အတွက် ဖြစ်ပါတယ်။
ခေတ်ပေါ်ကား တော်တော်များများမှာ မပါသေးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Electrochromic နည်းပညာကို ကားအမိုးပိုင်းမှာ သုံးထားတာတွေ့ရပါတယ်။ ဒီနည်းပညာကြောင့် ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ အမိုးကိုဘယ်လောက်ရာခိုင်နှုန်းအထိ ဖောက်ထွင်းမြင်နိုင်မလဲဆိုတာ ရွေးချယ်နိုင်မှာပါ။
MWD Web Portal
နည်းပညာသတင်း