ထိပ်ဖူး ၉၆ ခုတင်ပြီး ကင်းလှည့်မယ့် Knyaz Pozharsky

News Image

  • ထိပ်ဖူး ၉၆ ခုတင်ပြီး ကင်းလှည့်မယ့် Knyaz Pozharsky

ရုရှားတပ်မတော်က သူတို့ရဲ့ အာတိတ်ဒေသမှာ နျူကလီးယား အဟန့်အတား အင်အားကို တိုးမြှင့်တဲ့အနေနဲ့ Borei-A အတန်းအစား နျူကလီးယား စွမ်းအင်သုံး အမြင့်ပျံဒုံးကျည်တင် ရေငုပ်သင်္ဘောတစ်စင်းဖြစ်တဲ့ Knyaz Pozharsky ကိုမကြာသေးမီက တပ်တော်သွင်းလိုက်ပါတယ်။

Delta III၊ Delta IV နဲ့ Typhoon အတန်းအစား သက်တမ်းရင့် ရေငုပ်သင်္ဘောများ နေရာမှာ အစားထိုးမယ့် Borei-A များက ယခင်ကထက်  ပိုမိုအဆင့်မြင့်တဲ့အပြင် သူ့ မှာ RSM-56 Bulava တိုက်ချင်းပစ်ဒုံးကျည် ၁၆ စင်းကို တပ်ဆင်ထားပါတယ်။ ဒုံးကျည်တစ်စင်းစီက နျူကလီးယားထိပ်ဖူး ၆ ခုစီ ကို  သယ်ဆောင်နိုင်တာကြောင့် Knyaz Pozharsky က နျူကလီးယားထိပ်ဖူး ၉၆ ခုကိုတင်ပြီး အာတိတ်ဒေသမှာ ကင်းလှည့်နေတော့ မှာဖြစ်ပါတယ်။        

MWD Web Portal